Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 13 November 2012

ဖက်ဒရယ်စနစ် ချင်းအမျိုးသားပါတီဥက္ကဌ ပူဇိုဇမ် ပြော

လက်ရှိစနစ်သည် ဖက်ဒရယ်စနစ်နှင့် မဆန့်ကျင်ဟုဆိုသော်လည်း အခြေခံဥပဒေတွင် အားနည်းချက်ရှိနေဟု ချင်းအမျိုးသားပါတီဥက္ကဌ ပူဇိုဇမ် ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၃
ညီနောင်တိုင်းရင်းသာပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ၁၃ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရ
ယ်စနစ်နှင့်ပက်သက်၍ ချင်းအမျိုးသားပါတီ ဥက္ကဌ ပူဇိုဇမ်ကို မြန်မာ့ခေတ်က တွေ့ဆုံမေးမြန်းခဲ့သည်။

မြန်မာ့ခေတ် ။ ။ လက်ရှိကျင့်သုံးနေတဲ့ စနစ်နဲ့ တိုင်းရင်းသားပါ တီတွေ ဆွေးနွေးနေတဲ့ ဖက်ဒရယ်စနစ်က ဘာများကွာခြားပါသလဲ။
ပူဇိုဇမ် ။ ။ လက်ရှိနိုင်ငံတော်အစိုးရက နားလည်တဲ့ဖက်ဒရယ်နဲ့ ကျွန်တော် တို့နားလည်တဲ့ ဖက်ဒရယ်က ကျွန်တော်ထင်ပါတယ်။ ဘာမှ မကွဲပြားပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒို့တာဝန်အရေးသုံးပါးကို အခြေခံတာပါပဲ ။ ကျွန်တော်
လူတိုင်းသိအောင် ပြောပြချင်ပါတယ် ။ ကျွန်တော်တို့ပြောပြောနေတဲ့ ဖက်ဒရယ်ဆိုတဲ့မူဟာ ဒို့တာဝန်အရေးသုံးပါးကို အားဖြည့်ပေးဖို့ပါပဲ ။

မြန်မာ့ခေတ် ။ ။ နိုင်ငံတော်အစိုးရကနားလည်တဲ့ ဖက်ဒရယ်စနစ်နဲ့ ဦးတို့နားလည်တဲ့ ဖက်ဒရယ်စနစ် အတူတူပဲဆိုရင် ဘာလို့တိုင်းရင်း သား (၁၃) ပါတီက ဆက်ဆွေးနွေးနေတာပါလဲ ။

ပူဇိုဇမ် ။ ။ အခြေခံဥပဒေမှာရေးထားတာက သီအိုရီအရတော့ အတူတူ
ပါပဲ။ ဖက်ဒရယ်စနစ်က အတူတူပဲ ဆိုပေမဲ့ အခြေခံဥပဒေရဲ့ အားနည်း ချက်ကို ပြောပြချင်တာပါ ။ တိုင်းတွေပြည်နယ်တွေမှာ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေရှိတယ်။ ဒါက ဖက်ဒရယ်ရဲ့ မရှိမဖြစ် အချက်တစ်ချက်ပါပဲ။ ဒါပေမဲ့  ပြည်နယ်အစိုးရ ၊ တိုင်းအစိုးရတွေမှာ အာဏာခွဲဝေထားတဲ့အခါ လုပ်ပိုင်ခွင့်တွေပါ ပေးရမယ် ။ သူတို့ရဲ့ အခွန်အခတွေ ကို ပြည်ထောင်စုအစိုးရကိုပဲ အလုံးအရင်းနဲ့မသွင်းပဲ သူ့ပြည်နယ် နဲ့သူ ခံစားခွင့်ရှိရမယ် ။ ဥပမာ ချင်းတောင်ကသစ်တွေကိုထုတ်တယ် ။ အခွန်အလုံးအရင်းက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘတ်ဂျက်ထဲကို ဝင်တယ်ဗျာ ။ အစိုးရဟောင်းတွေရဲ့ မှားယွင်းခဲ့တဲ့ အစီအမံတွေ ဖြစ်တယ် ။ အဲ့တာတွေက ဖက်ဒရယ်ပုံစံမျိုးတော့ လုံးဝမဟုတ်ဘူး ။ ဒါက အသေးအမွားဆုံးကိစ္စ။ အဲ့တာတွေတောင် ကျွန်တော်တို့ အခုထိမရသေးဘူး ။ ဒီအခြေခံဥပဒေထဲမှာကတော့ ဖတ်လိုက်ရင် ဖက်ဒရယ်ဆန်ဆန်ပဲ ။ မဆန့်ကျင်ပါဘူး ။ ဒါပေမယ့် မပီပြင်ဘူး ။ အဲဒါကို ကျွန်တော်ပြောချင်တာပါ ။


မြန်မာ့ခေတ် ။ ။ အဲ့တာဆိုရင် အစိုးရကကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်က ဦးတို့တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်စနစ်မဟုတ်ဘူးပေါ့ ။

ပူဇိုဇမ် ။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကိုက အစိုးရ လေးတွေစုပေါင်းပြီး အစိုးရကြီးဖြစ်မယ်။ ဒါပဲလေ။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့ ဒါကလည်း ဖက်ဒရယ်ပဲ ။ ဘယ်တိုင်းပြည်ကမှ လာစွက်ဖက်လို့ မရဘူး ။ အစိုးရအနေနဲ့ ဒီအချုပ်အခြာအာဏာတော့ ရှိရမယ် ။ ဥပမာ ပြည်ထောင်စုထူထောင်နိုင်တဲ့ ကာလကျရင် ကျွန်တော်ကိုယ်တိုင် သမ္မတ အရွေးခံနိုင်ရမယ်။ ပြည်ထောင်စုအစိုးရအဆင့်မှာလည်း တိုင်းရင်းသားတွေပါခွင့်ရမယ်။ ပြည်နယ်အစိုးရမှာလည်း ပါခွင့်ရမယ် ။ တိုင်းရင်းသားဆိုတာမှာ ဗမာလည်းပါတယ် ။
အခုလောလော ဆယ်ကြည့် ။ ပြည်ထောင်စုဝန်ကြီး အယောက်ငါးဆယ်ကျော် ရှိတယ် ။ တိုင်းရင်းသားတစ်ယောက်မှ
မပါဘူး ။ ကျွန်တော်မျက်စိလျှမ်းတာလားတော့ မသိဘူး ။ ဒါမဖြစ်သင့်ဘူး ။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဗမာ အပေါင်း ကချင် ၊ ရှမ်း ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင် တိုင်းရင်းသား (၁၃၅)မျိုးရှိတယ် ။ ဒါပေမဲ့ ၀န်ကြီး (၁၃၅)ယောက်တော့ ဘယ်ခန့်လို့ရမလဲ ။ တကယ်ပေါင်းလိုက်ရင် (၇)မျိုး ၊ (၈)မျိုးပဲရှိတယ် ။

မြန်မာ့ခေတ် ။ ။ တိုင်းရင်းသားလူမျိုးထဲမှာ ဗမာပါတယ်ဆိုရင် ဖက်ဒရယ်စနစ်ကို နောက်ထပ်ဆွေးနွေးတဲ့အခါ ဗမာတိုင်းရင်းသားတွေ ပါဖို့ရှိလား ။

ပူဇိုဇမ် ။ ။ ဒီ ဖက်ဒရယ်ဆိုတာ ဗမာပြည် ၊ ဗမာလူမျိုးအတွက် အရမ်း အရေးကြီးပါတယ် ။ ကျွန်တောယ်တို့နဲ့ ရင်းနှီးတဲ့ ဗမာပါတီတွေက လည်း ဒါကိုလက်ခံလာတယ် ။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားတောင်ပေါ်သား တွေရဲ့ကိစ္စ ပြဿနာ မဟုတ်ပါဘူး ။ တိုင်းရင်းသားအားလုံး ဖက်ဒရယ်ထူထောင်နိုင်မှသာ ကျွန်တော်တို့နိုင်ငံက
ငြိမ်းချမ်းရေးရမယ် ။ ရေရှည်တည်တံ့ခိုင်မြဲမယ် ။

အောင်သိုက် - The Myanma Age


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့