မန္တလေးတိုင်း ဒေသကြီး အတွင်း ဆောက်လုပ် လျက်ရှိတဲ့ မန္တလေး ဈေးချို ၂၅ ထပ် ကွန်ဒိုမီနီယံ တာဝါစီမံကိန်းကို ယခု နှစ်ကုန်ပိုင်း အပြီး ဆောက်လုပ်
သွားမှာ ဖြစ်တယ်လို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ မန္တလေးဈေးချို ၂၅ ထပ် ကွန်ဒိုမီနီယံ တာဝါ စီမံကိန်း ဆောက်လုပ်မှုဟာ ၉၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်ပါတယ်။
ဒီလို ဆောက်လုပ် လျက်ရှိတဲ့ မန္တလေးဈေးချို ၂၅ ထပ် ကွန်ဒိုမီနီယံ တာဝါ စီမံကိန်း မှာတော့ ဈေးဆိုင်ခန်းများ၊ ဟောခန်းများနဲ့ ကွန်ဒိုမီနီယမ် လူနေ တိုက်ခန်းများ ပါဝင်တာ ဖြစ်ပါတယ်။ အခုလို လူနေ တိုက်ခန်းများ ထည့်သွင်း ဆောက်လုပ်ရာ မှာတော့ အခန်းပေါင်း ၁၄၄ ခန်း ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ ကွန်ဒိုစီမံကိန်း ဆောက်လုပ်မှုမှာ မီးဘေး အန္တရာယ်နဲ့ သဘာဝ ဘေးအန္တရာယ် တားဆီးရေး လုပ်ငန်းများ ကိုလည်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ စီမံကိန်း ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် အစပိုင်းမှာ စတင်ပန္ဒက်ချ ဆောက်လုပ် ခဲ့တာဖြစ်ပြီး အဆိုပါ စီမံကိန်း ဆောင်ရွက်မှု အတွက် စုစုပေါင်း ကုန်ကျငွေ ကိုတော့ အမေရိကန် ဒေါ်လာ သန်းရှစ်ဆယ် ခန့်မှန်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment