Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 16 November 2012

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဆိုင်ခန်း ဈေးနှူန်းများ သုံးဆမြှင့်တင်

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံပျံပွဲ အတွက် ဈေးဆိုင်ခန်းများကို ကန်ထရိုက် များရယူပြီး ဆိုင်ခန်း ဈေးနူန်းများ သုံးဆအထိ မြှင့်တင်ထားကြောင်း သတင်းရရှိပါသည်။

ပွဲကန်ထရိုက်သည် သိန်းပေါင်း ၁၃၃၀ ဖြင့် လေလံ အောင်ခဲ့သည်ပာု သိရပြီး ဆိုင်ခန်းများကို ယခင် D တန်းကို ငါးသိန်း ရောင်းချပေးရာမှ ယခု ၇ သိန်းပေါက်နေပြီး ပျံကျ ကန်ထရိုက်မှာလည်း သိန်းပေါင်း ၁၂၀ ဖြင့် လေလံ အောင်ခဲ့ပြီး ၁၀ ပေ တစ်ခန်းကို ကျပ် တစ်သိန်းခွဲ မှ နှစ်သိန်းခွဲထိ ရောင်းချနေကြောင်း သိရသည်။

“ကျတော်တို့က နှစ်တိုင်းရောင်းနေကျပါ။ နေရာလည်း သူ့နေရာနဲ့ သူရှိပြီးသားပဲ။ ဒါကို မနှစ်က ၅ သောင်း ကနေ ၈ သောင်းထိပဲ ပေးရတာ။ အခုတော့ တစ်ခန်းကို နှစ်သိန်း သုံးသိန်းဆိုတော့ ဘယ်လိုရောင်းစားပြီး အမြတ်ရကြမှာလည်း ” ပာု ပျံကျဈေးသည် တစ်ဦးမှ ပြောပြပါသည်။

ပျံကျဈေးသည် အများစုက မကျေနပ်လို့ ပြည်နယ် အုပ်ချုပ်ရေးရုံးကို တင်ပြထားကြောင်း သိရသည်။

“ကျွန်တော်တို့က နေ့ပြန်တိုးတွေယူပြီး လာရောင်းရမှာပါ။ ဆိုင်ခန်းဈေးနူန်း နှစ်ဆ သုံးဆဖြစ်နေတော့ မိသားစု ဝမ်းရေး ဘယ်လိုဖြေရှင်းကြမလဲ ” ပာု ဈေးသည် တစ်ဦးမှ ပြောပြသည်။

ဈေးရောင်း ဆိုင်ခန်းတန်းများထက် ပျံကျဆိုင်ခန်းများသည် ပိုမို များပြားလျှက်ရှိပြီး ပျံကျဈေးသည်အများစု မကျေမနပ် ဖြစ်လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများမှ တန်ဆောင်တိုင်ပွဲတွင် လောင်းကစားရုံများ အထားရှိဖို့ တောင်းဆိုထား သော်လည်း လောင်းကစားရုံ ဖွင့်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

နေလင်းသိုက်
by MNN


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့