မချစ်တော့လည်း ဘယ်သူတွေဘာဖြစ်ဖြစ်ပေါ့လေ
. . .
ချစ်မိလာတော့ ချစ်သူအတွက် အရာရာကို စိတ်ပူစေတတ်လာပါတယ်။ |
တကယ်ဝေးဖို့ကို ဝေးလို့
ချစ်လျှက်နဲ့ အနေဝေးနေရတာကိုပင်
အတော်ခံစားရပါတယ်။
ဟိုးအရင်တုန်းကလဲ
သည်လောကမှာ သူရှိနေပြီးသားပါ
မချစ်သေးတော့လည်း ဘယ်သူတွေဘာဖြစ်ဖြစ်ပေါ့လေ
ချစ်မိလာတော့ ချစ်သူအတွက် အရာရာကို စိတ်ပူစေတတ်လာပါတယ်။
မချစ်မိခင်တုန်းကတော့
သူဘယ်လိုသွားလို့ ဘယ်လိုနေနေ
ကိုယ်ကလဲ အမှတ်တမဲ့ပါပဲလေ။
အခုတော့လည်း
သူ့စကားသံလေးမှာရယ်
သူ့အကြည့်မှာရယ်
သူအကြောင်းလေရယ်တွေက
ကိုယ်ရင်တွေတစ်ခုလုံး ဗြောင်းဆန်စေတဲ့
သိမ်မွေ့တဲ့မုန်တိုင်းငယ်လေးတွေ
တစ်လုံးပြီးတစ်လုံး တိုက်ခတ်နေစေသလို
ရင်ခုန်ကြည်နူးမှုနဲ့အတူ
ပူပန်မှုတွေကလဲ ဝဲပျံပြန့်လွင့်နေပါလားကွယ်။
ချစ်လျှက်နဲ့ အနေဝေးနေရတာကိုပင်
အတော်ခံစားရပါတယ်။
ဟိုးအရင်တုန်းကလဲ
သည်လောကမှာ သူရှိနေပြီးသားပါ
မချစ်သေးတော့လည်း ဘယ်သူတွေဘာဖြစ်ဖြစ်ပေါ့လေ
ချစ်မိလာတော့ ချစ်သူအတွက် အရာရာကို စိတ်ပူစေတတ်လာပါတယ်။
မချစ်မိခင်တုန်းကတော့
သူဘယ်လိုသွားလို့ ဘယ်လိုနေနေ
ကိုယ်ကလဲ အမှတ်တမဲ့ပါပဲလေ။
အခုတော့လည်း
သူ့စကားသံလေးမှာရယ်
သူ့အကြည့်မှာရယ်
သူအကြောင်းလေရယ်တွေက
ကိုယ်ရင်တွေတစ်ခုလုံး ဗြောင်းဆန်စေတဲ့
သိမ်မွေ့တဲ့မုန်တိုင်းငယ်လေးတွေ
တစ်လုံးပြီးတစ်လုံး တိုက်ခတ်နေစေသလို
ရင်ခုန်ကြည်နူးမှုနဲ့အတူ
ပူပန်မှုတွေကလဲ ဝဲပျံပြန့်လွင့်နေပါလားကွယ်။
No comments:
Post a Comment