ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ အသင်းဝင်တွေ အတွက် ပညာရပ် ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် ပေးနိုင်ဖို့ ရည်ရွယ်ပြီး
Carrier Counselling Program တစ်ခုပြုလုပ် ပေးနိုင်ဖို့ စီစဉ်လျက် ရှိတယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပရိုဂရမ်ကို ပြုလုပ်ဖို့အတွက် လက်ရှိမှာ အသင်းမှ တာဝန်ရှိ သူတွေ ဆွေးနွေး တိုင်ပင် လျက်ရှိနေပြီး မကြာမီ ကာလမှာ ပြုလုပ်ပေး သွားမှာ ဖြစ်ပါတယ်။
ဒီလိုပြုလုပ်မှု စတင် ရင်တော့ ဆွေးနွေး လိုတဲ့ အသင်းဝင်ဟာ ကြိုတင် စာရင်းပေးသွင်း ထားရမှာ ဖြစ်ပြီး အစီအစဉ်ကို တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးပေး ရာမှာတော့ အသင်းမှ အီးစီတွေက အသင်းသားတွေ သိလိုတဲ့ ကွန်ပျူတာ ပညာရပ် ဆိုင်ရာများ၊ အခက်အခဲများ၊ လုပ်ငန်းခွင် ဆိုင်ရာ ကြုံတွေ့ရတဲ့ ကိစ္စရပ်များနဲ့ အခြား နည်းပညာပိုင်း ဆိုင်ရာ အကြောင်းအရာ အစုံကို ပြန်လည် ဖြေရှင်း ဆွေးနွေး ပေးမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာလည်း အသင်းဝင် တွေကို တစ်ဦးချင်း အလိုက် သိလိုသမျှ အားလုံး ဖြေကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment