Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 26 November 2012

CMP စနစ်ဖြင့် ဆောင်ရွက်ရန် အတွက် ကုန်ကြမ်း ၂၇ တန် ကျန်ရှိ


ပြည်တွင်းမှာ ရေထွက် ကုန်ကြမ်းတွေ နည်းပါးတဲ့ အချိန်က ပြည်ပကနေ ကုန်ကြမ်း ရယူပြီး ပြည်တွင်းမှာ ကုန်ချော ပြန်လည် ထုတ်လုပ် တင်ပို့တဲ့ CMP
စနစ်နဲ့ ဆောင်ရွက်မှုမှ လက်ရှိ အချိန်မှာ ကုန်ကြမ်း ၂၇ တန် ၀န်းကျင် ကုန်ချော ထုတ်လုပ်ဖို့ ကျန်ရှိနေတယ်လို့ အအေးခန်း ငါးစက်ရုံ များမှ သိရပါတယ်။ ဒီလို ကျန်ရှိနေတာ ကလည်း လက်ရှိ အချိန်မှာ ပြည်တွင်းမှာ ငါးကုန်ကြမ်းတွေ ပေါများ လာတဲ့ အတွက် စက်ရုံတွေမှာ ပြည်တွင်းမှ ကုန်တွေကိုသာ ဦးစားပေး ဆောင်ရွက်နေ တာကြောင့် ပြည်ပမှ ရောက်ရှိနေတဲ့ ကုန်ကြမ်း တွေကို မထုတ်လုပ် နိုင်သေးတာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက်လည်း ကုန်ကြမ်း ပေးပို့ထားတဲ့ အာဂျင်တီးနား နိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းရှင် တွေထံ ပြည်တွင်း စက်ရုံများမှ အကြောင်း ပြန်ကြားပေး ထားပြီး မိမိနိုင်ငံတွင်း ကုန်ကြမ်းများကို လည်ပတ်အောင် ထုတ်လုပ် ပြီးမှသာ အဆိုပါ ကျန်ရှိနေတဲ့ ကုန်တွေကို ဆက်လက် ဆောင်ရွက်ဖို့ ပြောကြား ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အအေးခန်း ငါးစက်ရုံတွေ အနေနဲ့ အခုလို CMP စနစ် ကုန်ချော ထုတ်လုပ်မှုကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ဆောင်ရွက် ခဲ့တာဖြစ်ပြီး ဒီလို ဆောင်ရွက်မှု အတွက် အာဂျင်တီးနား နိုင်ငံနဲ့ ဆက်သွယ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ပြည်တွင်းမှ ငါးကုန်ကြမ်းများ ထွက်ရှိနေ တဲ့အတွက် အခြား နိုင်ငံများမှ ကုန်ကြမ်း ထုတ်လုပ်မှု များကို ဆောင်ရွက်ခြင်း မရှိပေမယ့် ပြည်တွင်း ကုန်ကြမ်း ရရှိမှု နည်းပါးချိန်မှာ CMP စနစ် ထုတ်လုပ်မှုကို ပြန်လည် ဆောင်ရွက် ရမှာဖြစ်လို့ အခုအချိန်မှာ ပြည်ပနိုင်ငံများ CMP စနစ်အတွက် ကုန်ကြမ်း တင်ပို့ပေးမှုကို လက်ခံပေး လျက်ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့