ပြည်တွင်းမှ ထုတ်လုပ်တဲ့ ပေါင်းဆန် တွေကို ပြည်ပ တင်ပို့မှုတွေ ကျယ်ပြန့် လာပြီး ဈေးကွက် ၀ယ်လိုအားတွေ ပိုမိုရရှိလာတဲ့ အတွက် တောင်သူများမှ
ပေါင်းဆန် ထုတ်လုပ်မှုတွေ များပြား လာစေဖို့ ရည်ရွယ်ပြီး ပေါင်းဆန်စက် ၁၀ လုံးကို အရစ်ကျ အစီအစဉ်နဲ့ ရောင်းချ ပေးဖို့စီစဉ်လျက် ရှိတယ်လို့ MAPCO အများပိုင် ကုမ္ပဏီမှ သိရပါတယ်။ ဒီလို ရောင်းချ ပေးမှုကို မက်ကို ကုမ္ပဏီမှ တာဝန်ရှိသူတွေ ပူးပေါင်း စီစဉ်တာ ဖြစ်ပြီး ရောင်းချပေးမှု အတွက် ကိုတော့ လိုအပ်ချက် အလိုက် မြို့နယ်တွေ ခွဲခြားပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ခွဲခြားရာမှာ ဧရာဝတီတိုင်း ဒေသကြီးက ဆန်စပါး ထွက်ရှိမှု အများဆုံး ဖြစ်တဲ့ အတွက် ခွဲတမ်း ပိုမိုချထား ပေးပြီး ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တို့ကိုလည်း ခွဲဝေချထား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချပေး ရာမှာတော့ ဆန်စက် ဘွိုင်လာရှိတဲ့ နေရာတွေကို ဦးစားပေး စဉ်းစား ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ရောင်းချပေးမယ့် ပေါင်းဆန်စက်ဟာ အမေရိကန် ဒေါ်လာ တစ်သိန်း နှစ်သောင်း ၀န်းကျင် ကျသင့်မှာ ဖြစ်ပြီး စတင် ၀ယ်ယူချိန်မှာ တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းကို စတင် ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဒီလို ပေးသွင်း ၀ယ်ယူပြီး ရင်တော့ နောက်ပိုင်းမှာ ကျန်ငွေကို တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် အရစ်ကျ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းချ ပေးမယ့် ပေါင်းဆန် စက်တွေဟာ ပေါင်းဆန် အကြမ်းသာ ထုတ်လုပ် ပေးနိုင်မှာ ဖြစ်ပြီး အဲ့ဒီစက်တွေက ထွက်ရှိလာတဲ့ ပေါင်းဆန် တွေကို မက်ကို အများပိုင် ကုမ္ပဏီမှ ပြန်လည် ၀ယ်ယူကာ အိတ်စပို့ အဆင့်မီ ပေါင်းဆန် အချောတွေ ထုတ်လုပ်ပြီး ပြည်ပ တင်ပို့မှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment