Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 26 November 2012

အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် အသိပညာပေး လမ်းလျှေက်ခဲ့


နိုဝင်ဘာလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များအား အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အဖြစ်
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ရပ်တန့်စေဖို့ အတွက် အမျိုးသား တွေပါ ပါဝင် လာအောင် လူထု အသိပညာပေး လမ်းလျှောက်ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လမ်းလျှောက်ပွဲ အခမ်းအနားကို ပြည်တွင်းမှ NGO အဖွဲ့အစည်း များနဲ့ ပြည်ပ နိုင်ငံများမှ NGO, INGO အဖွဲ့အစည်း ၂၃ ခုတို့က ကြီးမှူး ကျင်းပတာ ဖြစ်ပါတယ်။

ဒီလို လမ်းလျှောက်ပွဲ ပြုလုပ်မှုကို မြို့တော် ခန်းမရှေ့ကနေ စတင်ခဲ့တာ ဖြစ်ပြီး ကန်တော်ကြီး ပတ်လမ်း တစ်လျှောက်မှ တဆင့် ဗိုလ်ချုပ် ကြေးရုပ်မှာ အဆုံးသတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လမ်းလျှောက်ပွဲ ပြုလုပ်ရ တာဟာ အသိပညာ ပေးဖို့ကို အဓိကထား ပြုလုပ်တာ ဖြစ်ပါတယ်။  ဒါ့အပြင် လမ်းလျှောက်မှု ပြီးဆုံးခဲ့တဲ့ ကန်တော်ကြီး ဥယျာဉ် အတွင်း ဥာဏ်စမ်း ပဟေဠိ အစီအစဉ်များ ပြုလုပ်ခဲ့တဲ့ အပြင် ပြည်တွင်းရှိ အနုပညာရှင် တစ်ချို့ဖြစ်တဲ့ ပုလဲဝင်း၊ ခင်ဘုဏ်း တို့ကလည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်စေဖို့နဲ့ ပတ်သက်တာ တွေကို ဆွေးနွေး ပေးခဲ့တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့