Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 26 November 2012

ဝန်မဲ့စွမ်းအား ပျောက်ဆုံးမှုမှ ကာကွယ် နိုင်မည့် Transformer အတွက် သဘောတူ လက်မှတ် ရေးထိုးခဲ့


ပြည်တွင်းရှိ Soe Electric & Machinery Company Ltd နဲ့ ဂျပန်နိုင်ငံHitachi Industrial Equipment System Company Ltd တို့ ပူးပေါင်းပြီး
ဝန်မဲ့စွမ်းအား ပျောက်ဆုံးမှုမှ ကာကွယ် နိုင်မယ့် ထရန်စဖော်မာ ထုတ်လုပ်ဖို့ သဘောတူ လက်မှတ်ရေး ထိုးမှုကို နိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ထုတ်လုပ်မယ့် ထရန်စဖော်မာ ပစ္စည်းဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လိုအပ်တဲ့ စွမ်းအင် ချွေတာရေး စက်ကိရိယာ တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာလည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀န်မဲ့ စွမ်းအင် ပျောက်ဆုံးခြင်းကို အလေးထား ဆောင်ရွက် နေတဲ့ အတွက် အခု ထုတ်လုပ်မယ့် ထရန်စဖော်မာဟာ ပြည်တွင်းရဲ့ လျှပ်စစ် စွမ်းအင် ထုတ်လုပ်၊ ဖြန့်ဝေမှု လုပ်ငန်းများမှာ အသုံးဝင် လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်မဲ့စွမ်းအင် ပျောက်ဆုံးမှု သက်သာ နိုင်မှု သာမက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးနိုင်တဲ့ နည်းပညာရပ် များမှာပါ အသုံးပြုဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံ ဟီတာချီ ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ထရန်စဖော်မာ တွေဟာ အခြားပစ္စည်း တွေထက် ၀န်မဲ့စွမ်းအင် ပျောက်ဆုံးမှုကို ၆၀ ရာခိုင်နှုန်း သက်သာစေပြီး ဆူညံမှု ကိုတော့ ၇၅ ရာခိုင်နှုန်း သက်သာ စေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ထရန်စဖော်မာ များကို အရှေ့အာရှ၊ ဥရောပ၊ အမေရိကန်နဲ့ အရှေ့တောင် အာရှ နိုင်ငံ အချို့မှာ စတင် အသုံးပြုနေပြီး အခုလို လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ပြည်တွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်အောင် စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့