Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

ရန်ကုန်မြို့တွင်း ခေတ္တ လမ်းပိတ်မှုများ ပြုလုပ်ရန်ရှိ


နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန် မြို့တွင်း အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်းများ ဖြတ်သန်း သွားလာစဉ် လမ်းခေတ္တ ပိတ်ထားမှု များရှိမှာ ဖြစ်တယ်လို့
သက်ဆိုင်ရာ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ခေတ္တ လမ်းပိတ်ထားမှု တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း အတိုင်း ၁၀ မိုင်ကုန်း လမ်းဆုံ၊ လေဆိပ်လမ်းနဲ့ ပြည်လမ်းဆုံ၊ ပြည်လမ်းနဲ့ တော်ဝင် လမ်းဆုံ၊ ရှစ်မိုင် လမ်းဆုံ၊ အေဒီမီးပွိုင့်၊ ပြည်လမ်းနဲ့ အင်းလျား လမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ဟံသာဝတီ အ၀ိုင်း၊ မြေနီကုန်း မီးပွိုင့်၊ လွှတ်တော် အရှေ့၊ ပြည်လမ်းနဲ့ အလုံ လမ်းဆုံ၊ ဦးဝိစာရ အ၀ိုင်းနဲ့ ရွှေတိဂုံ ဘုရား မြောက်ဘက် မုခ်လမ်းဆုံ တို့ကို ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို လမ်းပိတ်မှု ကိုတော့ အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်းများ မဖြတ်သန်းမီ မိနစ် ၂၀ ခန့် ကြိုတင်ပြီး လမ်းပိတ် ထားမှာ ဖြစ်တဲ့ အတွက် လမ်းလွှဲများမှ သွားလာ နိုင်ဖို့ ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက လမ်းညွှန် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အခုလို ယာဉ်သွားလာမှု ခေတ္တပိတ်မှု သာမက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှာလည်း နံနက် ၉ နာရီ ကနေ ၁၀ နာရီ အတွင်း၊ ညနေ ၃ နာရီ ကနေ ၄ နာရီ အတွင်း ဆိုက်ရောက်၊ ထွက်ခွာမယ့် ပုံမှန် လေယာဉ် တွေကို ခေတ္တ ဆိုင်းငံ့ ထားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် အဆိုပါ အချိန်နဲ့ တိုက်ဆိုင်မယ့် နံနက်ပိုင်း လေယာဉ် ခရီးစဉ်တွေကို နံနက် ၁၀ နာရီ နောက်ပိုင်းနဲ့ ညနေ လေယာဉ် ခရီးစဉ်တွေ ကိုတော့ ညနေ ၄ နာရီ နောက်ပိုင်းသို့ ပြောင်းရွှေ့ ထားကာ ပုံမှန် လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းခြင်း မရှိဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့