ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယခုနှစ် မိုးစပါး ရိတ်သိမ်း ချိန်မှာ အသုံးပြုမယ့် ရိတ်သိမ်း စက်အစီးရေကို တိုးမြှင့် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ ရန်ကုန်တိုင်း
ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေက စပါး ရိတ်သိမ်းမှု အတွက် ရိတ်သိမ်းစက်ကို ၄၈ စီးနဲ့သာ ဆောင်ရွက်ခဲ့ရာ ကယခုရာသီ မှာတော့ ရိတ်သိမ်းစက် အစီးရေ ၆၀ နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုလို ရိတ်သိမ်း စက်တွေ များပြား လာတဲ့ အတွက် မိုးစပါး ရိတ်သိမ်းချိန်မှာ တောင်သူများ ကြုံတွေ့ရမယ့် လေလွင့် ဆုံးရှုံးမှုတွေ နည်းပါး နိုင်မယ့် အပြင် သီးထပ်များ ဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးမှု တွေကိုပါ အချိန်မီ လုပ်ဆောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြေကြားချက် အရ တိုင်းဒေသကြီး အတွင်း မိုးစပါး စိုက်ပျိုးမှု နောက်ကျခဲ့ပြီး လက်ရှိ ကာလ မှာလည်း မိုးမကုန်သေးတဲ့ အတွက် ရာသီအမီ ရိတ်သိမ်းနိုင်မှု မရှိမှာ စိုးရိမ်ခဲ့ရ ပေမယ့် ရိတ်သိမ်းစက် အစီးတွေ တိုးလာခဲ့ တာကြောင့် ယခင်က အတိုင်း အချိန်မီ လုပ်ဆောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စပါး ရိတ်သိမ်းစဉ်မှာ တောင်သူတွေ အနေနဲ့ အချိန်အခါမဟုတ် မိုးရွာမှု များကြောင့် လေလွင့် ဆုံးရှုံးမှုများ မဖြစ်စေဖို့ ကိုလည်း သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေး ရုံးများမှ တစ်ဆင့် တောင်သူတွေကို သတိပေးမှုများ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။
အဲ့ဒီလို သတိပေး ဆောင်ရွက် ရာမှာလည်း ရိတ်သိမ်းပြီး စပါးများကို ကန်သင်းမှာ စုပုံထားပြီး အခြား သီးထပ်များ စိုက်ပျိုးရေး အတွက် အားစိုက် လုပ်ဆောင်မှုများ မပြုလုပ်ဘဲ ရိတ်သိမ်း ခြွေလှေ့ပြီး စပါးများကို စပါးကျီ၊ အမိုးအကာ အောက်သို့ အချိန်မီ ရောက်ရှိ အောင်လည်း လုပ်ဆောင် သင့်တဲ့ အကြောင်းကိုပါ လှုံ့ဆော် လျက်ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment