Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 20 November 2012

မြို့နယ် ၁၂ ခု၌ ပဋိပက္ခဂရုပြု သတင်း ရေးသားနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးမည်


ပဋိပက္ခဂရုပြု သတင်း ရေးသားမှုနဲ့ ပတ်သက်ပြီး သင်တန်း ပေးမှု များကို မြို့နယ် ၁၂ မြို့မှာ သင်ကြားပေး သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က
အဆိုပါ သင်တန်းနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ အကြို အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို သင်ကြားပေးမှု တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ တောင်ကြီး၊ လားရှိုး အစရှိတဲ့ မြို့တွေနဲ့ ကလေး၊ မုံရွာ၊ မြစ်ကြီးနား၊ စစ်တွေ၊ ပုသိမ်၊ မော်လမြိုင်စတဲ့ မြို့တွေ့မှာ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။

အခုလို သင်ကြားရာမှာ ပဋိပက္ခကို နားလည် သဘောပေါက်ခြင်း၊ စာနယ်ဇင်း သမားများ အတွက် ပဋိပက္ခ ဆန်းစစ် အကဲဖြတ်ခြင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ပဋိပက္ခများ၊ တာဝန်ယူမှု ရှိသော စာနယ်ဇင်းပညာ၊ စာနယ်ဇင်း သမားများ အတွက် လုံခြုံမှု အစရှိတဲ့ ဘာသာရပ် တွေနဲ့ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်း သင်ကြားမှု အတွက် ကိုတော့ နီပေါ နိုင်ငံနဲ့ သီရိလင်္ကာ နိုင်ငံ တို့မှ နိုင်ငံတကာ သင်တန်းဆရာ များက သင်ကြားပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပဋိပက္ခ ဂရုပြု သတင်း ရေးသားနည်းပညာ သင်တန်းကို ပြုလုပ်ရ တာဟာ ပဋိပက္ခသတင်း များနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် သတင်းများကို တာဝန်ခံ ရေးသားရာမှာ မြန်မာ မီဒီယာများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စွမ်းဆောင်ရည်များ မြှင့်တင် ပေးမှုကြောင့် စာနယ်ဇင်း၊ မီဒီယာများမှ ပြည်သူများကို သတင်း အချက်အလက်များ ဖြန့်ဖြူး ပေးဖို့နဲ့ ဆက်စပ် ပတ်သက် နေသူတွေ အကြား ဆက်သွယ်ရာမှာ သိက္ခာရှိပြီး အရေးပါတဲ့ ပေါင်းကူး အဖြစ် လုပ်ဆောင်ပေး နိုင်ဖို့ အတွက်လည်း ရည်ရွယ် သင်ကြားတာ ဖြစ်ပါတယ်။ အခုလို မြို့နယ် အလိုက် သင်တန်းများ ဖွင့်လှစ် ရာမှာတော့ သင်တန်း တစ်ခုမှာ သင်တန်းသား ၂၀ ဦးသာ လက်ခံ သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့