ပြည်တွင်းမှာ နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်မှုတွေ ပိုမိုများပြား လာတဲ့ အတွက် ဒီလို ချိတ်ဆက် ဆောင်ရွက် ရာမှာ
အဆင်ပြေ စေဖို့ ဘဏ်လုပ်ငန်း ဆိုင်ရာ နည်းပညာများ ဆွေးနွေး ပို့ချမှုကို နိုဝင်ဘာလ ၁၉ ရက်နေ့ ကနေ ၂၁ ရက်နေ့ အထိ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီ ဆွေးနွေးမှုကို ပြည်တွင်းရှိ ဘဏ်လုပ်ငန်းတွေ အနေနဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်မှု တွေမှာ အသုံးချနိုင်ဖို့ အတွက် ရည်ရွယ် ပြုလုပ် တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဂျပန် နိုင်ငံရှိ မီဇူဟို ဖစ်နစ်ကယ် ဂရု(ပ်)တို့ ပူးပေါင်း ပြုလုပ်တာ ဖြစ်ပြီး အဲ့ဒီ ဆွေးနွေးပွဲမှာ Mizuho Financial Group Singapore Branch မှ ပညာရှင် ၄ ဦးက လာရောက် ပို့ချလျက် ရှိတာ ဖြစ်ပါတယ်။ ဒီလို ပို့ချမှုကို ပြည်တွင်းရှိ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း များမှ လူဦးရေ ၁၀၀ ၀န်းကျင် တက်ရောက် ဆွေးနွေး လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment