Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 20 November 2012

EPS-TOPIK အောင်မြင်ပြီးသူ လူဦးရေ ၂၅၀၀ ကျော် ပြန်လည် မှတ်ပုံတင်ရန် လိုအပ်


ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လအတွင်း ကျင်းပခဲ့တဲ့ တတိယ အကြိမ် ကိုရီးယား ဘာသာ စကား စာမေးပွဲ EPS-TOPIK ဖြေဆို အောင်မြင် ထားပြီး
အလုပ်ခေါ်စာ စောင့်ဆိုင်း နေရတဲ့ လူဦးရေ နှစ်ထောင့် ငါးရာ ကျော်ဟာ ပြန်လည်ပြီး မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြန်လည် မှတ်ပုံတင်ဖို့ လိုအပ်မှုဟာ စာမေးပွဲ အောင်မြင်ပြီး အလုပ် လျှောက်လွှာ တင်သွင်းခဲ့သူ တွေရဲ့တန်းစီ ဇယားဟာ တစ်နှစ်ပြည့်ခဲ့ တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီ အတွက် အလုပ်ခေါ်စာ မရသေးသူ တွေဟာ ကျန်စာမေးပွဲ သက်တမ်း ကာလ ၂၀၁၃ ခုနှစ် အောက်တိုဘာ လအထိ ကာလ အတွက်ကို ထပ်မံပြီး မှတ်ပုံတင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အခုလို မှတ်ပုံတင်ဖို့ လိုအပ်သူ တွေဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ အထိ လျှောက်လွှာ ထုတ်သူကာ ပြန်လည် မှတ်ပုံတင် ရမှာ ဖြစ်ပါတယ်။ သတ်မှတ် ကာလ အတွင်း ပြန်လည် မှတ်ပုံတင်မှု မရှိသူတွေ ကိုတော့ အလုပ် လျှောက်ထားမှု မပြုလုပ် လိုသူတွေ အဖြစ် သတ်မှတ်ပြီး တန်းစီစာရင်း ကနေ ပယ်ဖျက် သွားမယ်လို့ သိရပါတယ်။

အခုလို ပြန်လည် စာရင်းသွင်း သူတွေဟာ လျှောက်လွှာ ထုတ်ယူမှုကို ကာယကံရှင် ကိုယ်တိုင် နိုင်ငံကူး လက်မှတ်၊ စာမေးပွဲ ဖြေဆိုခွင့် ဖြတ်ပိုင်းများ ပြသ ထုတ်ယူဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးစစ်ချက်များနဲ့ အခြား အထောက်အထား များကိုလည်း ပထမ တစ်ကြိမ် လျှောက်လွှာ တင်စဉ် အချိန်က ဆောင်ရွက်ချက်များ အတိုင်း ပြန်လည် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့