Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 20 December 2012

လူကုန်ကူးမှု ပပျောက်ရေးအတွက် နိုင်ငံပေါင်း ၆ နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်


ပြည်တွင်းမှာ လူကုန်ကူးမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၆ နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး
ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ပူးပေါင်း ဆောင်ရွက် သွားမည့် နိုင်ငံများ ကတော့ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာလည်း ကဏ္ဍ ၅ ရပ်ဖြစ်တဲ့ မူဝါဒနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင် ကာကွယ် တားဆီးရေး၊ တရား စွဲဆိုရေး၊ လူကုန်ကူး ခံရသူ များအား ကာကွယ် စောင့်ရှောက်ရေးနဲ့ စွမ်းရည် မြှင့်တင်ရေး အစရှိတဲ့ ကဏ္ဍ ၅ ရပ် နဲ့အညီ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုကိုတော့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ် ဒေသ ဆိုင်ရာရုံး UNIAP နဲ့ ပြည်ထဲရေး ၀န်ကြီးဌာန လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့တို့မှ ပူးပေါင်းကာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းမှာ လူကုန်ကူးမှု ပပျောက်ဖို့ အတွက်ကို ပထမ ငါးနှစ် စီမံကိန်း အနေနဲ့ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပြီး ယခုအခါ မှာလည်း ဒုတိယ ငါးနှစ် စီမံကိန်း ဖြစ်တဲ့ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်းကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့