Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 20 December 2012

ကျေးလက် မိုဘိုင်းဖုန်း ရောင်းချရာတွင် ကတ်ခြောက်သိန်း ခြောက်သောင်း ချထားပေး ပြီးဖြစ်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျေးလက်ဒေသ တွေကို မိုဘိုင်း တယ်လီဖုန်းများ ရောင်းချပေးရာမှာ GSM Sim Card ပေါင်း ခြောက်သိန်း ခြောက်သောင်း
ရောင်းချ ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီလို ရောင်းချပေး ရာမှာတော့ ရွာပေါင်း ငါးထောင့် လေးရာ ကျော်မှာ ရောင်းချပေး ထားတာ ဖြစ်ပါတယ်။ အခုလို ချထားပေးခဲ့တဲ့ ရွာတွေ ဟာလည်း မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းရှိရာ ဒေသရဲ့ မြေပြန့်မှ ၇ မိုင်နဲ့ ၈ မိုင် ပတ်ဝန်းကျင် ဒေသ အနီးအနား ကျေးရွာများကို အဓိကထား ချထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးနေတဲ့ မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းတွေ ကတော့ စုစုပေါင်း ၇၀၀ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကျေးလက် ဒေသတွင်း မိုဘိုင်းဖုန်း ရောင်းချပေးမှု တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အောက်တိုဘာလ ၁ ရက်နေ့ ကစတင် ပြုလုပ်ပေး ခဲ့တာဖြစ်ပြီး ယခု ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ အရစ်ကျငွေချေ စနစ်နဲ့ တပ်ဆင်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့