Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

နော်ဝေနိုင်ငံ တက္ကသိုလ် တစ်ခုမှ ပြည်တွင်း ပညာရေး အဆင့် မြှင့်တင်ရန် အတွက် ကူညီသွားမည်



နော်ဝေနိုင်ငံရှိ တက္ကသိုလ် တစ်ခုဖြစ်တဲ့ University of Oslo မှ ပြည်တွင်းရဲ့ ပညာရေး ကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်မှု တွေမှာ ကူညီ သွားဖို့ ရှိတယ်လို့
သိရပါတယ်။ ဒီလို ကူညီဖို့ အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေသလို ဇူလိုင်လ ၃၁ ရက်နေ့ ကလည်း ပြည်တွင်း အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မင်္ဂလာ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ MoU ရေးထိုးမှု တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။

ဒီလို ရေးထိုးခဲ့တဲ့ MoU အရ မင်္ဂလာမြန်မာနဲ့ University of Oslo တို့ဟာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ သာမက အခြားကဏ္ဍ တွေမှာပါ သုတေသန ပြုလုပ်ခြင်း၊ ဟောပြောပွဲ များပြုလုပ်ခြင်း၊ ၀န်ထမ်းများ၊ ကျောင်းသားများနဲ့ သတင်း အချက်အလက် ဖလှယ်ခြင်း တို့မှာ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ မှာတော့ အဆိုပါ တက္ကသိုလ်ဟာ မင်္ဂလာမြန်မာရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ် ၁ ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်နဲ့ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် တို့ကို သွားရောက် လေ့လာကာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး သွားဖို့ ရှိတာ ဖြစ်ပါတယ်။ အဆိုပါ တက္ကသိုလ်တွေ အနက် University of Oslo ဟာ ရန်ကုန် ဆေးတက္ကသိုလ်နဲ့ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် မှာတော့ MoU ရေးထိုးမှုတွေကို လုပ်ဆောင်ခဲ့ ဖူးတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့