Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

ယိုဂိုမူဘောင် လုပ်ငန်းစဉ်များတွင် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အတွက် အဆင့် ၅ ဆင့် ပါဝင်



သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေး မူဘောင် တစ်ရပ်ဖြစ်တဲ့ ယိုဂိုမူဘောင် လုပ်ငန်းစဉ်များမှာ အဆင့် ၅ ဆင့် ပါဝင်တာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ယိုဂိုမူဘောင် စီမံချက် ကိုတော့ မြန်မာနိုင်ငံရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ UNDP တို့မှ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ပါတယ်။

အဆိုပါ စီမံချက် မှာတော့ အဆင့် ၅ ဆင့် သတ်မှတ် ထားပြီး ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးကို နိုင်ငံနဲ့ ဒေသရဲ့ ဦးစားပေး လုပ်ငန်း အဖြစ် ခိုင်မာစွာ ဖွဲ့စည်းရန်၊ ဆုံးရှုံးနိုင်မှု များကို လေ့လာပြီး ကြိုတင် သတင်းပေး စနစ်ပိုမို ကောင်းမွန် လာစေရန်၊ အသိပညာ တီထွင်ကြံဆမှု များနဲ့ ပညာရေးကို အသုံးချ ဆောင်ရွက်ရန်၊ ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ် များအား လျော့ပါးအောင် ဆောင်ရွက်ရန် အစရှိတဲ့ အရာတွေ ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ၁၀ နှစ်တာ ကာလ အတွက် စီမံချက်များ ချမှတ်ကာ သဘာဝ ဘေးအန္တရာယ်ကြောင့် လူ့အသက်ပေါင်း များစွာနဲ့ နိုင်ငံများရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရင်းအမြစ် ဆုံးရှုံးမှု များကို လျော့ကျစေဖို့ အတွက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြည်တွင်းမှာ အခုလို သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ဟိုဂိုမူဘောင် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး ၂ နှစ်တစ်ကြိမ် ပြုလုပ်လေ့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့