Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

လန်ဒန်မက်ထရို ပိုလီတန် တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား ခေါ်ယူခွင့် ယာယီဆိုင်းငံ့ ထားခံရ



လန်ဒန် မက်ထရိုပိုလီတန် တက္ကသိုလ်ရဲ့ နိုင်ငံတကာ ကျောင်းသားများ ခေါ်ယူ နိုင်ခွင့်ကို လတ်တလောမှာ ယာယီ ဆိုင်းငံ့ခံထား ရတယ်လို့
Crown Education မှတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆိုင်းငံ့ခံထား ရတာဟာ အဆိုပါ တက္ကသိုလ်ရဲ့ နိုင်ငံတကာ ကျောင်းသား ခေါ်ယူနေမှုနဲ့ ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်နေမှု တွေကို ယူကေ လူဝင်မှု ကြီးကြပ်ရေးမှ စစ်ဆေး နေတာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီလို စစ်ဆေးရာမှာ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ရောက်မှုကို စောင့်ကြည့်ခြင်းနဲ့ အင်္ဂလိပ်စာ စစ်ဆေးခြင်း စတဲ့ အချက်အလက် တွေကို စစ်ဆေး နေတာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ဟာ အင်္ဂလန် ကျောင်းလျှောက်တဲ့ အချိန်ဖြစ်တဲ့ အတွက် ပြည်တွင်းက ကျောင်းသားတွေ အနေနဲ့လျှောက်ထားမှု တွေကို သတိပြု စေနိုင်ဖို့အခုလို သတင်း ထုတ်ပြန်ပေး ရတာ ဖြစ်တယ်လို့ Crown Education တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ အနေနဲ့ အဆိုပါ ကျောင်းလျှောက်ထားမှု ဆိုင်ရာ အချက်အလက် တွေကို သိနိုင်ဖို့ကိုလည်း ဆက်သွယ် စုံစမ်းနိုင် တယ်လို့သိရပါတယ်။ ဒီလို နိုင်ငံတကာ ကျောင်းသား ခေါ်ယူခွင့် ပိတ်ခံရမှုမှာ ယခုနှစ် အစကလည်း Teesside University ကို ပိတ်ထား ခံရပြီး မေလထဲမှာ ပြန်လည် ခေါ်ယူခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အခု ယာယီ ဆိုင်းငံ့ခံရတဲ့ လန်ဒန် မက်ထရိုပိုလီတန် ကျောင်းကတော့ ယခင်က IDCS/IADCS နဲ့ချိတ်ဆက်ပြီး ပြည်တွင်းမှာ ဘွဲ့ပေးခဲ့တဲ့ တက္ကသိုလ် တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့