Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

ယခုနှစ်အတွင်း ကိုးရီးယားမှ သဘာဝ ဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဆောက်လုပ်ပေး သွားရန်ရှိ



ကိုရီးယား နိုင်ငံကနေ ပြည်တွင်းမှာ ဆောက်လုပ် ပေးသွားမယ့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁ ရုံကို ယခုနှစ် အတွင်း ဆောက်လုပ်
သွားဖို့ စီစဉ်လျက် ရှိတယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိမှာ ကိုရီးယား နိုင်ငံမှ လေ့လာ သုံးသပ်ချက်များ ပြုလုပ်ပြီး ဖြစ်ကာ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ ဆွေးနွေးမှု များလည်း အကြိမ်ကြိမ် ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုများ ပြီးရင်တော့ MoU လက်မှတ်ရေးထိုး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ သဘာဝ ဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီးရှိ သာကေတ မြို့နယ်မှာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စက်ရုံအတွက် လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ ကိုတော့ ပြည်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ကို ၀ယ်ယူ သုံးစွဲမှာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝ ဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဟာ လျှပ်စစ် ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ် ပေးမယ့် စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးမှာ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ ၄ ရုံရှိပြီး အလုံ၊ သာကေတ၊ လှော်ကား၊ အင်းစိန် ရွာမ စတဲ့ နေရာတွေမှာ တည်ရှိတာ ဖြစ်တယ်လို့သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့