Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

လုပ်ငန်း အမျိုးအစား ၈ မျိုးမှ သက်တမ်း မတိုးသည့် ကုမ္ပဏီ ၁၇၅၂ ခုအား မှတ်ပုံတင် စာရင်း ဖျက်သိမ်းလိုက်



ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ကုမ္ပဏီမှတ်ပုံတင် ဌာနခွဲ အနေနဲ့ လုပ်ငန်း အမျိုးအစား ၈ မျိုးမှာ သက်တမ်း ကုန်ဆုံးပြီး ထပ်မံ သက်တမ်း
တိုးမြှင့်ခြင်း မရှိတဲ့ ကုမ္ပဏီ ၁၇၅၂ ခုကို ဌာနရဲ့ မှတ်ပုံတင် စာရင်းမှ ယခုလ အတွင်း ပယ်ဖျက် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မှတ်ပုံတင် စာရင်းမှ ပယ်ဖျယ် လိုက်တဲ့ ကုမ္ပဏီများမှာ ရောင်းဝယ်မှု လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ စက်မှုထုတ်လုပ်မှု လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ဘဏ်လုပ်ငန်းစတဲ့ လုပ်ငန်း(၈)မျိုးမှာ သက်တမ်းထပ်မံ မတိုးတဲ့ ကုမ်္ပဏီများကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီများဟာ ၂၀၀၄ ခုနှစ် ကတည်းက သက်တမ်း ထပ်မံ တိုးခြင်းကို ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ လာရောက် လုပ်ဆောင်ခြင်း မရှိတဲ့ ကုမ္ပဏီများကို သက်ဆိုင်ရာမှ အကြောင်းကြား စာများ ၄ ကြိမ် အကြိမ်အထိ ပေးပို့ခဲ့ပြီး လာရောက် ဆက်သွယ်ခြင်း မရှိတဲ့ ကုမ္ပဏီများကို ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်။ သက်တမ်း ကုန်ဆုံးချိန်မှာ သက်တမ်း ထပ်မံ မတိုးတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၉၈၀ ရှိပြီး အဆိုပါ ကုမ္ပဏီတွေ ထဲမှ လုပ်ငန်း ဆက်လက် လုပ်ဆောင်ရန် အကြောင်းကြားပြီး သက်တမ်း တိုးခဲ့တဲ့ ကုမ္ပဏီဟာ ၂၂၈ ခု ရှိပါတယ်။

ဒါကြောင့် ကျန်တဲ့ ကုမ္ပဏီ ၁၇၅၂ ခုမှာ အချို့ကတော့ လာရောက် ဆက်သွယ်ခြင်း မရှိသလို တစ်ချို့ ကုမ္ပဏီတွေ ကတော့ လုပ်ငန်းများ ဆက်လက် မလုပ်ကိုင်တဲ့ ကုမ္ပဏီများ ဖြစ်ပြီး အဲ့ဒီ ကုမ္ပဏီတွေကို မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို သက်တမ်း မတိုးတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်း ကိုတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး နဲ့အထက် အဆင့် အစည်းအဝေးများမှာ တင်ပြပြီး မှတ်ပုံတင် စာရင်းမှ ဖျက်သိမ်း လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့