Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

မြန်မာနိုင်ငံထွက် သဘာဝ ဓါတ်ငွေ့များပြည်ပသို့ အဓိက တင်ပို့နေ



အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ချက် တွေအရ မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိက ပို့ကုန် ပစ္စည်းများ တင်ပို့မှုမှာ
သဘာဝ ဓါတ်ငွေ့များကို အဓိက တင်ပို့ လျက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိက ပို့ကုန် အနေနဲ့ သဘာဝ ဓါတ်ငွေ့ အများဆုံး တင်ပို့ပြီး အမေရိကန် ဒေါ်လာသန်း ၃၅၀၀ ကျော်ဖိုး ရရှိခဲ့ပါတယ်။ ဒုတိယ အများဆုံး တင်ပို့မှု ကတော့ ကျောက်စိမ်း တင်ပို့မှုဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း ၇၈၀ ကျော်ဖိုး တင်ပို့ခဲ့ ပါတယ်။

အဲ့ဒီနောက် မှာတော့ CMP လုပ်ငန်းချုပ်ပြီး အထည် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၉၇.၄၆ သန်းဖိုး တင်ပို့ခဲ့ပြီး မတ်ပဲ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၇၂.၆၃ သန်းဖိုး ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြား တင်ပို့မှုများ အနေနဲ့ ငါး၊ ပဲတီစိမ်း၊ ရာဘာစိမ်း၊ ဆန်၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ ပြောင်း၊ ပဲစဉ်းငုံ၊ နှမ်း၊ ပုစွန်၊ သတ္တုနဲ့ သတ္တုရိုင်းများ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်ပို့တဲ့ အထဲ မှာတော့ သတ္တုနှင့် သတ္တုရိုင်း များဟာ တင်ပို့မှု အနည်းဆုံး ဖြစ်ပြီး  ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မှာတော့ အမေရိကန် ဒေါ်လာ ၈၂.၅၉ သန်းသာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှ အဓိက သွင်းကုန် အနေနဲ့ ရေနံထွက် ပစ္စည်းများ တင်သွင်းတာ ဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း နှစ်ထောင် ကျော်ဖိုး တင်သွင်း ခဲ့ပါတယ်။ ဒါ့အပြင် အခြား သွင်းကုန်များ အနေနဲ့ မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ၊ သံနှင့် သံမဏိ ပစ္စည်းများ၊ စက်နှင့် ဆက်စပ်ပစ္စည်း များ၊ စားအုန်းဆီ စတဲ့ ကုန်ပစ္စည်းတွေ အပါအ၀င် အမေရိကန် ဒေါ်လာသန်း ကိုးထောင် ကျော်ဖိုးရှိ ပစ္စည်းများ တင်သွင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့