Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

ပြည်တွင်းသို့ နိုင်ငံခြားခရီးသည် ထိုင်းနှင့် တရုတ်လူမျိုး အများဆုံး လာရောက်မှု ရှိနေ



ယခု လက်ရှိမှာ မြန်မာနိုင်ငံကို ပြည်ပ ခရီးသွား ဧည့်သည် ၀င်ရောက်မှုတွေ များပြား လျက်ရှိပြီး ဒီလို ၀င်ရောက်ရာမှာ ထိုင်းလူမျိုးနဲ့ တရုတ် လူမျိုးတွေက
လာရောက်မှု အများဆုံး ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ထိုင်းလူမျိုးများနဲ့ တရုတ်လူမျိုး တွေဟာ ပုဂံဒေသနဲ့ ပဲခူးတိုင်း ဒေသကြီး တို့ကို အများဆုံး သွားရောက် ကြတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လူမျိုးများဟာ ပုဂံဒေသကို အများဆုံး သွားရောက်ရတာ ကတော့ ပုဂံဒေသမှာ အညာ ဒေသဖြစ်ပြီး မြန်မာပြည် အောက်ပိုင်း ဒေသလို မဟုတ်ဘဲ မိုးတွင်း ကာလမှာ ရာသီဥတု မျှတမှု ရှိတာကြောင့် ဖြစ်ပါတယ်။

ပဲခူးတိုင်း ဒေသကြီးကို သွားရောက်ခြင်းမှာ ကမ္ဘောဇသာဒီ နန်းတော်ကို သွားရောက် လေ့လာခြင်း ဖြစ်ပါတယ်။ ရန်ကုန် လေဆိပ် ကောင်တာမှ ရရှိတဲ့ အချက်အလက် အရ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ ထိုင်းလူမျိုး ၀င်ရောက်မှု ဦးရေ ၅၄၀၀ ကျော်နဲ့ အများဆုံး ၀င်ရောက်ခဲ့ပြီး ဂျပန် လူမျိုးက ဒုတိယ အများဆုံး ၀င်ရောက် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေ ကလည်း ၀င်ရောက်မှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့