Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 August 2012

ရှေးခေတ်မြန်မာ မိန်းမပျိုတို့၏ ၀တ်စား ဆင်ယင် ထုံးဖွဲ့မှု ပန်းချီပြပွဲ ၇ ရက်ကြာ ပြသလျက်ရှိ



ရှေးခေတ် မြန်မာ အမျိုးသမီးတို့ရဲ့ မျက်နှာ အမူအရာ၊ ၀တ်စား ဆင်ယင်မှု တွေကို ပြသ ထားတဲ့ ပန်းချီ ပြပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ကနေ သြဂုတ်လ ၆ ရက်နေ့
အထိ ရန်ကုန်မြို့ ပန်းဆိုးတန်း ပန်းချီပြခန်းမှာ ၇ ရက်ကြာ ပြသ သွားမှာ ဖြစ်ပါတယ်။ အခုလို ရှေးခေတ် မြန်မာ အမျိုးသမီးတို့ရဲ့ ဓာတ်ပုံတွေနဲ့ ၀တ်စား ဆင်ယင်ပုံ တွေကို ရေးဆွဲပြီး ပြသတာဟာ ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပန်းချီကားများ ကိုတော့ ခဲ၊ အခရိုင်းလစ်၊ ဆီဆေး၊ ရေဆေး၊ Medium မျိုးစုံနဲ့ ရေးဆွဲထားပြီး သရုပ်မှန်ပုံတွေ၊ Modern ပုံတွေကို အဓိကရေးဆွဲ ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပန်းချီပြခန်းမှာ ပန်းချီကား ၁၀၀ ခန့် ပြသထားပြီး ပန်းချီဆရာ အယောက် ၅၀ ခန့်ပါဝင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပန်းချီကားတွေရဲ့ တန်ဖိုးကတော့ ၁ ချပ်ကို အနည်းဆုံး ကျပ် ၁ သိန်းမှ ကျပ်သိန်း တစ်ရာအထိ ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့