ဘ၀အရေးတွေရုန်းကန်နေရင့်း့ 
မရှိမဖြစ်လိုအပ်တဲ့အချစ်အကြောင်းလေးကို
ကိုယ့်ဘ၀ တသက်စာမှတ်တမ်းတင်ထားဖို့
လိုအပ်မယ်ထင်လို့ပြောရအုံးမယ့့်  ။
မကြုံဖူးတာတွေက့ 
ကိုယ့်ဘ၀အတွက် အသစ်အဆန်းဖြစ်နေတော့
မင်းရဲ့  မာယာမပါတဲ့
ရိုးစင်းတဲ့စကားလုံးတွေအောက်
အသဲမာတယ်လို့ထင်ခဲ့တဲ့ငါလည်း ( ကိုယ့်ကိုကိုယ်ထင်တာပါ )
မာနတွေကို ခ၀ါချကာ
မင်းနဲ့မှချစ်တတ်လာခဲ့တတ်တာကို
ငါ ၀န်ခံလိုက်ရပြီချစ်သူ့  ။
တချိန်ကဆို မာနကြီးတတ်တဲ့ ငါ့ 
အချစ်နဲ့ပတ်သက်လာခဲ့ရင်ရေလိုက်ငါးလိုက်
ဝတ်ကျေတန်းကျေ ဝေလေလေပါ
Internet တွေအသုံးများလာတဲ့ ငါတို့ခေတ်မှာ
မင်းနဲ့ငါစခင်ခဲ့ကြတာလည်း Online မှာပါနော်
အတွေ့အကြုံတွေမပြည့်စုံသေးလို့
မင်းရဲ့ ပွင့်လင်းတဲ့စကားလုံးတွေကြောင့်
ငါအရမ်း အံ့သြခဲ့ရပေါ့ တောသူ (သူက မော်လမြိုင်သူစစ်စစ်ပါ )
မင်းနဲ့ငါဟာ အခြေခံမတူကြပေမယ့်
ရိုးသားမှုအရာမှာ ငါတို့နှစ်ယောက်
ထပ်တူနီးပါးရှိခဲ့ကြတော့ 
မင်းနဲ့ငါ ချစ်သူတွေဖြစ်ခဲ့ကြပေါ့  ။
အထက်တန်းကျောင်းမအောင်ခဲ့တဲ့ ငါ့အတွက့့် 
တကယ်ဆို မင်းဟာ နားလည်မှုတွေများစွာပေပြီး
ငါ့ကို တချို့အရာတွေအတွက်လည်း
မင်းသင်ပြပေးခဲ့လို့ ငါက
ဆရာမလို့တောင် တခါတလေမှာခေါ်ခဲ့တယ်
ဒါပေမယ့် အချစ်နဲ့ပတ်သက်လာရင်တော့
မင်းဟာ တကယ့် ခလေးတယောက်ပေမို့
ငါ့ကိုမင်းက တခါတလေမှာ့ 
Love professor ဒါမှမဟုတ် ဆရာကြီးလို့တောင်ထင်ခဲ့တယ်
ကြည့်စမ်းကွာ့  ငါ့  ငါ့  ငါ ဘာကြောင့်များ
အဲ့ဒီ ချာတိတ်ကလေးအပေါ်
အစွဲအလမ်းထားက အရှုးအမူးဖြစ်ခဲ့ရပါလိမ့်
ငါသိခဲ့ပေမယ့် မင်းကိုမေးတော့
မင်းက “ မီးကလိမ်မာလို့ပေါ့ ” တဲလေ
ဟုတ်ပါလိမ့်မယ် ချစ်သူ
ဘာပဲဖြစ်ဖြစ်မင်းနဲ့မှချစ်တတ်တာတော့အမှန်ပါ............
No comments:
Post a Comment