ကောင်မလေးရေ့ 
အတွေးတွေးတိုင်းမင်းအကြောင်းက
ခေါင်းထဲဝင်နေလို့
မင်းကိုသတိရတဲ့အကြောင်း
ကဗျာအဖြစ်ထွက်ကျရပြန်ပြီပေါ့  ။
ကောင်မလေးရေ့ 
ဘာကြောင့်ရယ်များမင်းအသံချိုချိုကြည်ကြည်လေးနဲ့
ငါ့ကို့  ရိုးသားတဲ့စကားလုံးတွေချည်းပဲ
မင့်း့  အန်ချပြနေရတာလည်းကွာ
သုံးဆယ့်တဘုံသတ္တ၀ါတိုင်းမှာ
ဘယ်သူမှခြောက်ပြစ်ကင်းသဲလဲစင်းမရှိခဲ့ပေမယ့်
မင်းစကား၊မင်းအပြုအမူနဲ့
မင်းရဲ့စိတ်ထားတွေကို
သေကောင်ပေါင်းလည်းယုံကြည်ခဲ့လို့
မင်းကို ငါစွဲမက်ခဲ့  ။
ကောင်မလေးရေ့ 
မင်းနဲ့ငါ Internet ခေတ်မှာ
တယောက်နဲ့တယောက်အသံကြားရုပ်မြင်ကာ
အဝေးကနေချစ်နေကြပေမယ့်
စွဲလမ်းမှုကြီးပြီးနုလုံးသားနုတဲ့မင်းက
အချစ်အတွက်ကြောင့်
ပုလဲမျက်ရည်တွေမကြာ ခဏခခဲ့  ။
ကောင်မလေးရေ့ 
ငါကခြောက်ပြစ်ကင်းသဲလဲစင်းတယောက်မဟုတ်ပေမယ့်
ငါယုံကြည်ရာလမ်းကြောင်းတခုကိုလျှောက်ရင်းနဲ့
တခါတလေမှာအပျင်းပြေစတတ်နောက်တတ်ပေမယ့်
ငါ့ရဲ့  ကိုယ်အမူအရာ၊နူတ်အမူအရာတွေကို
အစွန်းမရောက်အောင်ထိန်းသိမ်းရင်းနဲ့
ကိုယ်တိုင်ရွေးပြီးချစ်ခဲ့ရတဲ့မင်းကို
ငါ့  အသဲနစ်အောင်ချစ်ခဲ့ပါတယ့့်  ။
ကောင်မလေးရေ့ 
မေတ္တာဆိုတာက အလျှားအနံမရှိပေမယ့်
အသွားအပြန်ရှိတတ်လို့
မင်းကိုငါ အလိုလိုက်ပြီးချစ်ခဲ့တာတွေကို မင်းသိမှာပါ
တကယ်ဆို ငါဟာ့ 
ကဗျာရေးပြီးအသက်မွေးဝမ်းကြောင်းလုပ်သူမဟုတ်တော့
တခါတလေခံစားချက်တွေရှိမှ
ထွက်လာခဲ့တဲ့ ငါ့ကဗျာတွေမှာ
ငါ့အရိပ်တွေလည်းပါလာမှာပါ
ငါ့မာနတွေလည်းပါလာမှာပါ
ပြီးတော့ ငါ့မေတ္တာတွေလည်းပဲ
ငါ့ကဗျာတွေထဲမှာ ပါလာမှာကို
ကောင်းမလေးရေ မင်းသိစေဖို့
ဒီကာရံ့မဲ့ကဗျာနဲ့
ငါဖွင့်ဟလိုက်လေရဲ့  ။
No comments:
Post a Comment