တူညီသလိုနဲ့ကွဲပြားနေသော...အချစ်
+++++ ကြိုက်တယ် နဲ့ ချစ်တယ် မတူဘူး
ကြိုက်တယ်နောက်က ဦးနှောက် နဲ့အတ္တ လိုက်တယ်...
ချစ်တယ်နောက်ကတော့ နှလုံးသားနဲ့မိုက်မဲမှု လိုက်တယ်....။
+++++ ငါ့ အတွက်မှာ ချစ်ခဲ့မိတော့
ကြယ်တစ်စင်းလို ငါ့ နှလုံးသားလောင်ကျွမ်းခံ
မင်းပျော်ရွင်မှုအတွက် အချစ်တွေနဲ့ထွန်းညှိလို့
အများထက်ဆိုးတဲ့မိုက်မဲမှုတွေနဲ့
မင်းဗျုဟာထဲခုန်ဆင်းပြီးပြာဖြစ်ပေးခဲ့တယ်....။
+++++ ငါတို့ကြား က တူညီသလိုနဲ့ကွဲပြားနေတဲ့
နိဒါန်းနဲ့ နိဂုံး ....... အမှန် နဲ့အမှား
အပြုံးနဲ့ အမုန်း ....... အရာအားလုံးက
အယဉ်ကျေးဆုံးနည်းနဲ့ သိုဝှက်ထားလိုက်ပြီမို့
ပန်းတွေလည်းမကြွေပါစေနဲ့တော့ ...
မိုးတွေလည်း မစွေပါစေနဲ့တော့...
ပန်းကြွေတိုင်း ငါ့အလွမ်းတွေမင်းသိမှာစိုးသလို...
မိုးစွေတိုင်း မင်းအလွမ်းတွေငါသိရမှာစိုးရိမ်တယ်...။
+++++ တစ်ကယ်တော့ ......
တူညီသလိုနဲ့ကွဲပြားနေသော ငါတို့အချစ်တွေ ..............။
No comments:
Post a Comment