Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

တကယ်ပျော်ရွှင်ရဲ့လား?

....တစ်သက်မှာတစ်ခါသာ
စွဲမြဲစွာနှင့်
ချစ်ဖို့ကြိုးစားခဲ့ပေမယ့်
ကံကြမ္မာရယ် ရက်စက်လွန်းတယ်
ငါ့အချစ်ကို လစ်လျူရှု
ကွယ်ရာမှာ မျက်ကွယ်ပြုတဲ့
သူလိုလူနဲ့ ဆုံဆည်းပေးခဲ့တာ
ရင်နာလွန်းလို့ပါကွာ...
....လိမ်ညာခဲ့သူကို
တမ်းတနေမိလို့တော့မဟုတ်ပါဘူး
အဖြူထည်သက်သက် နှလုံးသားထဲက
စစ်မှန်တဲ့ချစ်ခြင်းကို ပေးခဲ့မိတာ
နှမြောလွန်းလို့ပါ
ယုံလွယ်လွန်းသူရဲ့ နောင်တတရားလို့ပဲ
မှတ်ယူထားပါတယ်ကွာ...
....ခုတော့လဲ
ဒီအစ်ကို အစ်မ မောင်နှမများကြား
မေတ္တာတရားရဲ့အေးချမ်းမှုနဲ့
ပျော်မွေ့နေတတ်ပြီ
အတိတ်ကိုမေ့ဖို့ ကြိုးစားရင်း
အကြိမ်ကြိမ်အခါခါ်
ငါ့ကိုယ်ငါမေးနေမိတယ်
ငါ..တကယ်ရောပျော်ရွှင်နေရဲ့လား...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့