ကောင်းကင်ကတောင် ညှိုးလို့
မှောင်နေကြပြီ။
တကယ်ရနိုင်ခဲ့မယ်ဆိုရင်
အစကပြန်စလို့ရမဲ့ဘ၀တစ်ခုကိုတော့
ဖြစ်နိုင်ရင်
ငါပြန်လိုချင်တယ်..ချစ်သူ။
အလွမ်းတွေကို
အဝေးရောက်မှ
မြင်ရခဲ့သူက
ငါပါ........။
သတိရစရာတွေကိုပဲ
ပြန်ငေးရင်း
ငါတစ်ယောက်တည်း
နှစ်အိုတွေလို
ပြန်ပြန်ပွင့်နေမီတယ်။
ချစ်သူရေ....
ငါဟာ
ရာသီကိုအမှီလိုက်ခဲ့ရတဲ့
နွေဦးရဲ့ ...ငှက်ပါ။
No comments:
Post a Comment