Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 16 September 2012

နင်သိရင်လုံလောက်ပီ

နင့်ကို အချိန်တိုင်းလွမ်းနေတယ်လို့ ငါမပြောပါဘူး ဒါပေမယ့် နေ့တစ်နေ့ရဲ့ အခိုက်အတန့်တိုင်းမှာတော့ သတိရနေမိတယ် ။
နင့်ကို အရမ်းချစ်တာပဲလို့ ငါမပြောပါဘူး ဒါပေမယ့် နင့်အကြောင်းတွေးတိုင်း ရင်တွေ တလှပ်လှပ်ခုန်လာတာကိုတော့ ငါဝန်ခံပါတယ် ။
နင့်ကို ပိုင်ဆိုင်ချင်ပါတယ်လို့ ငါမပြောပါဘူး ဒါပေမယ့် တစ်မိုးအောက်တည်းမှာတော့ လမ်းအတူ လျှောက်ဖူးခွင့်ကို ရချင်တယ် ။ ။
နင့်ကို နေကောင်းရဲ့လားလို့ အချိန်တိုင်းငါမမေးမိပါဘူး ။ ဒါပေမယ့် ညအိပ်ရာဝင်တိုင်း နင်ကျန်းမာပါစေလို့ ငါအမြဲ ဆုတောင်းပေးလေ့ရှိတယ် ။
ငါ့ကို သတိရနေပါလို့ နင့်ကို အတင်းအကျပ်မတောင်းဆိုပါဘူး ။ ဒါပေမယ့် လောကကြီးမှာ အချစ်စစ်နဲ့ချစ်တဲ့သူတစ်ယောက် ရှိနေခဲ့ဖူးတယ်ဆိုတာ နင်သိရင် လုံလောက်ပါပြီ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့