Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 9 September 2012
နင်လားဟဲ့ *** ဒုက္ခ ***
လောကမှာ ရှိတဲ့ လူသားတိုင်း မပြောဘဲ မနေနိုင်တဲ့ စကား၊မညည်းညူဘဲ မနေနိုင်တဲ့ စကားတစ်ခွန်းရှိပါတယ်။
လူသားတိုင်း ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လာဘူး၊ကိုယ်ကြိုးစားသလို ဖြစ်မလာဘူး၊ကိုယ့်ရှေ့ကမြင်ကွင်းတွေက နှစ်သက်
စရာမကောင်းဘူး၊ ကိုယ်လုပ်နေတာတွေဟာ ထင်သလို မလွယ်ကူဘူး…စသည်ဖြင့် အဆင်မပြေမှုတွေများလာတဲ့အခါ
တွင် သိ၍ဖြစ်စေ ၊မသိရှိလိုက်ဘဲဖြစ်စေ…ရုတ်တရက် နှုတ်ကထွက်ပြေးသွား တတ်သောစကားလေးက အော် ဒုက္ခ တဲ့။
ဒုက္ခ၏ သဘောအဓိပ္ပါယ်ကို တိပိဋကပါဠိ မြန်မာအဘိဓာန်မှာ များစွာ ပြဆိုထားသည်ကိုတွေ့ရပါတယ်။
အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
ဒုက္ခ (န)
[ဒုက္ခ+အ။ ဒု+ခါဒ+ကွိ။ ဒု+ခနု+ကွိ။ ဒု+ခမု+ကွိ။ ဒွိ+ခနု+ကွိ။ နီတိ၊ ဓာ။ ၁၉၊ ၁၁၃၊ ၃၇ဝ။ ဒု+ခ။]
(၁) ဆင်းရဲ၊ ဆင်းရဲခြင်း၊ ဆင်းရဲမှု (ကြိ၊ဝိ-ဆင်းရဲစွာ, ဆင်းဆင်းရဲရဲ)၊
(က) ကိုယ်ဆင်းရဲမှု=ကာယိကဒုက္ခ။
(ခ) စိတ်ဆင်းရဲမှု=စေတသိကဒုက္ခ။ဒုက္ခီ လည်း ကြည့်။
(ဂ) ကိလေသာ (ကြောင့်ဖြစ်သော) ဆင်းရဲ။
(ဃ) သံသရာ (၌ဖြစ်သော) ဆင်းရဲ။ ဒုက္ခဝတ္ထုက (၂) လည်းကြည့်။
(င) ခန္ဓာဆင်းရဲ (ဇာတိဒုက္ခ-စသည်)။
(စ) အပါယ်-ဒုဂ္ဂတိ-ဆင်းရဲ (ငရဲ၌ ခံစားရခြင်း-စသည်)။ ဒုက္ခနိတ္ထရဏဋ္ဌ လည်းကြည့်။
(ဆ) (ကမ္မ, ကိလေသ, ဝိပါက) ဝဋ်ဆင်းရဲ။
(ဇ) သီလ စောင့်ထိန်းရခြင်းဆင်းရဲ။
(၂) ဒုက္ခဝေဒနာ။
(၃) ညှဉ်းဆဲ-နှိပ်စက်-ခြင်း ဆင်းရဲ။
(၄) ဒုက္ခသစ္စာ (တဏှာမှတစ်ပါးသော တေဘူမကတရား)။ (တိ)
(၅) ဆင်းရဲ-ငြိုငြင်-ပင်ပန်း-ကျင်နာ-သော။
(၆) ဒုက္ခ၏-တည်ရာ-အကြောင်း။
(၇) ဒုက္ခ၏ အာရုံ (မကောင်းသော အနိဋ္ဌာရုံ)။
(၈) ဒုက္ခ၏ ဇနက အကြောင်း။
(၉) ဒုက္ခ၏အကြောင်းဖြစ်သော အရပ်၊ ဒုက္ခ၏ ဥပတ္ထမ္ဘက အကြောင်းဖြစ်သော အနိဋ္ဌာရုံတို့၏-တည်ရာ-အရပ်။
(၁ဝ) ဒုက္ခ-အစု-အပေါင်း။
(၁၁) အလိုမရှိအပ်သော။
(၁၂) ဆင်းရဲစေတတ်သော၊ ဆင်းရဲ-ကို-အောင်-ပြုတတ်သော၊ ညှဉ်းဆဲ-နှိပ်စက်-တတ်သော။
(၁၃) မကောင်းသဖြင့်ခဲစားတတ်သော။
(၁၄) မကောင်းသဖြင့်-တူးဖြို-ဖျက်ဆီး-တတ်သော။
(၁၅) ပြုနိုင်ခဲသော အခွင့်ပေးခြင်းရှိရာဖြစ်သော။
(၁၆) ၂-ပါးသော-အပြား-အဖို့-အားဖြင့်-တူးဖြို-ဖျက်ဆီး-တတ်သော။
(၁၇) ဆင်းရဲသဖြင့် သည်းခံအပ်သော၊ သည်းခံခြင်းငှာ ခဲယဉ်းသော၊ သည်းခံနိုင်ခဲသော။
(၁၈) ပြုနိုင်ခဲသော သည်းခံရခြင်းရှိသော။
(၁၉) ခါးစပ်သော၊ ခါးစပ်သော အရသာနှင့်တူသော။ ဒုက္ခဝိပါက (၇) ကြည့်။
(၂ဝ) ကဲ့ရဲ့-စက်ဆုပ်-အပ်သည်ဖြစ်၍ အချည်းနှီးသော၊ (ကောင်းကင် ကဲ့သို့) အချည်းနှီးဖြစ်၍-
(၂၁) ကြောက်ဖွယ်အာရုံ-ဘေး-ရှိသော။ ဒုက္ခဋ္ဌ လည်းကြည့်။
(၂၂) မနှစ်သက်အပ်သော။
(၂၃) မသာယာအပ်သော၊ သာယာဖွယ်မရှိသော။ ဒုက္ခက္ခမ (၂) ကြည့်။
မူရင်းကြည့်ပါ။
(ဦးဇင်းတို့ စာဖတ်ပရိတ်သတ်များ ဒုက္ခဟူသောပါဠိစကားလုံး၏ သဘောအဓိပ္ပါယ်ကိုရင်းနှီးကျွမ်းဝင်စေရန် နှင့်
အနက်ဉာဏ်ရင့်သန်စေရန်အတွက် ဖော်ပြပေးခြင်းသာဖြစ်ပါသည်)။
ဘ၀တစ်ခုရလာပြီဆိုရင် ဒုက္ခ ဆိုသောလောကဓံနှင့် မလွဲမသွေရင်ဆိုင်ရမည်သာဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်
မြတ်ကလည်း ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ =ဘုံသုံးပါး၌ ဖြစ်သော ၀ဋ်တရားတို့သည် ဆင်းရဲဒုက္ခမည်၏ဟူ၍ မိန့်တော်မူခဲ့ခြင်း
ဖြစ်ပါသည်။ ဘုံသုံးပါးဆိုတာကတော့ ကာမဘုံ ၊ ရူပဘုံ ၊ အရူပဘုံ တို့ဖြစ်ပါတယ်။ခု ဦးဇင်းတို့ တစ်တွေ ဖြစ်နေကြရတဲ့
ဘုံဟာ ကာမဘုံပေါ့။ ဒါဆို ဒီကာမဘုံက ဒုက္ခ မကင်းတဲ့ဘုံပဲဆိုတာသဘောပေါက်လောက်ပါပြီ။ ဦးဇင်းတို့တွေ ၊ ဦးဇင်း
တို့ ဒကာဒကာမ ညီအစ်ကို မောင်နှမတွေ ဒုက္ခ လူ့ဘုံထဲကို ဒုက္ခတွေတစ် ပွေ့တစ်ပိုက်ဖြင့် ရောက်လာခဲ့ကြတာပါ။ ဒုက္ခ
တွေထူပြောသော လူ့ဘ၀ကြီးထဲမှာ ဒုက္ခလို့ ညီးညူမိတာမဆန်းပါဘူးနော်။
ဆန်းတာကိုပြောချင်ပါတယ်။ အဲဒါကတော့ ဒုက္ခကိုကြောက်လန့်ခြင်းပါပဲ။ ဒုက္ခကိုမကြောက်ပါနဲ့။ ဒုက္ခကိုလက်ခံလိုက်ပါ။
ဒုက္ခကို ကြောက်လန့်သူသည် ဘ၀ကို အရှုံးပေးရသူဖြစ်ပြီး၊ ဒုက္ခကို ရင်ဆိုင်ဖြေရှင်းနိုင်သူသည် အောင်မြင်ကျော်ကြား
သော သူများဖြစ်ကြပါသည်။ အောင်မြင်သူသည် ဒုက္ခထဲမှရုံးထွက်နိုင်သူဖြစ်ပြီး ၊ ရှုံးနိမ့်သူသည် ဒုက္ခကိုလက်မြှောက်
အရှုံးပေးသူ ဖြစ်ပါသည်။
နေ့စဉ်ဘ၀ထဲတွင် ဒုက္ခနဲ့မတွေ့ရသော အချိန်ဟူ၍ မရှိလောက်အောင် ရှားပါသည်။နေ့စဉ်ဘ၀ထဲသို့ မဖိတ်ခေါ်ဘဲ
ရောက်ရောက်လာသူက မောင်ဒုက္ခ ဖြစ်ပါတယ်။ထိုမောင်ဒုက္ခကိုရင်မဆိုင်ဘဲ အောင်မြင်သွားသော သူဟူ၍လည်း
ရာဇ၀င်၌ မရှိခဲ့ပေ။ဒုက္ခနဲ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်လာရသောအခါ အဲဒီဒုက္ခထဲက ငါဘာရအောင်ယူရမလဲဆိုတာကို
စဉ်းစားပြီး။ ဒုက္ခကို ကျော်လွှားနိုင်အောင်ကြိုးစား ရုန်းထွက်ရပါမည်။ သဗ္ဗညုဗုဒ္ဓဘုရားရှင်သည် ဒုက္ခတွင်းထဲမှ ရုန်း၍
ထွက်ခဲ့သူဖြစ်ပါသည်။ နေ့စဉ်ဘ၀ထဲက မောင်ဒုက္ခကို အနိုင်ယူခဲ့သောအတုမရှိစံပြပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ပညာရှင်တို့
သည် သဗ္ဗညုဘုရား ရှင်၏ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းကို ကြာပန်းနှင့် ဥပမာတင်ကြသည်။ ယနေ့ကမ္ဘာတွင် အောင်မြင်
ကျော်ကြားသော ပုဂ္ဂိုလ် တို့သည် ဒုက္ခကို စိန်ခေါ်ကာ ရင်ဆိုင်ကျော်လွှားခဲ့ ကြသူများဖြစ်သည်။ ပုံပြင်လေးတစ်ပုဒ်ပြော
ပြချင်ပါတယ်။ ဒီပုံပြင်လေးကို လင်းသိုက်ညွန့်(မြန်မာ့မြေ) ရဲ့ ဟောပြောပွဲခွေထဲက ရတာပါ။ ပုံပြင်လေးက ဒီလိုပါ။
တစ်ခါက ရွာတစ်ရွမှာ သူဌေးကြီးတစ်ဦးရှိပါတယ်တဲ့။ အဲဒီသူဌေးကြီးမှာ မြည်းတစ်ကောင်မွေးထားပါတယ်တဲ့။
တစ်နေ့တော့ မြည်း ဟာ အစာစားရင် အလွန်နက်တဲ့ တွင်းကြီးထဲကို ပြုတ်ကျသွားပါတယ်။ သူပြုတ်ကျသွားတဲ့တွင်း
ကလည်း အလွန်နက်တော့ မြည်း ဟာ ကုန်းပေါ်ကို ပြန်မတက်နိုင်တော့ပါဘူး။
သူဌေးကြီးဟာ အစာစားဖို့ လွှတ်လိုက်တဲ့ သူ့ မြည်းလေး အိမ်ပြန်ချိန်ရောက်လို့တောင်မှ ပြန်ရောက် မလာတာနဲ့ သူ့မြည်း
လေး ကျက်စားတတ်တဲ့ တောထဲကို လိုက်လာခဲ့တာပေါ့။ သူဌေးကြီးဟာ သူ့မြည်းလေးကို တောထဲမှာ ရှာသော်လည်း
ဘယ်လိုမှ ရှာလို့မတွေ့ပါဘူးတဲ့။
မြည်းလေးဟာ သေရမှာပါလားဆိုတာကို တွေးပြီးကြောက်မိသလို၊ ငါ့သခင်ငါ့ကိုလာကယ်မှာပဲလို့တွေးမိ ပြန်တော့
အားတက်မိပြန်ပါတယ်။ နောက် ငါ့သခင်လာရင် ကြားရအောင် ငါအော်ကြည့်မယ်ဆိုပြီးမြေကျင်းထဲ ကနေ အော်နေပါ
သတဲ့။ မြည်းပျောက်လို့လိုက်ရှာနေတဲ့ သူဌေးကြီးကလည်း အဲဒီအော်သံသဲ့သဲ့လေးကို ကြားမိ အောင်ကြားလိုက်ပါတယ်။
အသံကြားရာဆီကို ရောက်အောင်သွားပြီး ကြည့်လိုက်တော့ အင်မတန်နက်တဲ့မြေကျင်း ကြီးထဲမှာ သူ့မြည်းလေးကို
တွေ့လိုက်ရပါတယ်။ မြည်းလေးကလည်း သူ့သခင်လာတာကို တွေ့တော့ ငါ့သခင် ငါ့ကိုကယ်မှာပဲလို့တွေးပြီး
တော်တော်လေး အားတက်သွားပါတယ်။
သူဌေးကြီးက ခဏလေးကြည့်ပြီးအိမ်ပြန် သွားပါတယ်။ သူဌေးကြီး အိမ်ကနေ မြေကျင်းကြီးဆီ ပြန်ရောက်လာတော့
သူ့နောက်မှာ လူငါးယောက်ပါလာပါတယ်။ မြည်းလေးကလည်း ငါ့သခင်တော့ ငါ့ကို ဆွဲတင်ဖို့ လူတွေခေါ်လာပြီဆိုပြီး
ဝမ်းသာနေပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ မြေကျင်းကြီးထဲကို မြေကြီးခဲတွေလိမ့်ကျလာပါတော့တယ်။ သူဌေးကြီးနဲ့
သူ့တပည့်တွေဟာ မြေကျင်းကြီးထဲကို မြေစာခဲတွေ မြေကြီးတုန်းတွေ ပစ်ချနေကြတာလေ။
မြည်းလေးဟာ ငါ့သခင်က ငါ့ကိုကယ်မလားလို့ ခုတော့ မြေတွေနဲ့ ဖို့ သတ်နေပါတော့လားလို့ တွေးနေမိ ပြီးတော့
တအား ဟီးနေတော့တာပေါ့။ ဒါပေမယ့် မြည်းလေးဟာ သူ့ကိုယ်ပေါ်ကို ကျလာတဲ့မြေစိုင်မြေခဲတွေကို ခါခါချလိုက် ၊
သူ့ခြေလက်တွေပေါ်ကျလာတဲ့ မြေစိုင်မြေခဲတွေကို ကန်ထုတ်လိုက်နဲ့လုပ်နေပါတယ်။
နောက်ဆုံးတော့ကုန်းပေါ်က သူဌေးကြီးနဲ့သူ့တပည့်တွေ ပစ်ချနေတဲ့မြေစိုင်မြေခဲတွေဟာ မြေကျင်းကြီးထဲမှာ ပြည့်လာ
ပြီးတော့ အပေါ်ကိုပြည့်မောက်လာပါတော့တယ်။ ခုနက မြည်းလေးဟာလည်းကုန်းပေါ်ကိုရောက်လာ တော့တာပေါ့။
သူဌေးကြီးကလည်း အဲဒီလိုမြေဖို့ရင် သူ့မြည်းလေးဟာ ကုန်းပေါ်ကိုရောက်လာမယ်ဆိုတာကို သိလို့ လုပ်တာပါတဲ့။
ကဲ..ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ဒီပုံပြင်လေးကို ပြန်လည်သုံးသပ်ကြည့်ရအော်နော်။ သူဌေးကြီးရဲ့မြည်းလေးဟာ မြေကျင်းကြီးထဲကို ပြုတ်ကျခဲ့တာဆို
တော့ အော်…ဒုက္ခ လို့ တလိုက်မိပါတယ်။ နောက်ပြီးတော့ သူဌေးကြီးကဖို့ချလိုက်တဲ့ မြေစိုင် မြေခဲတွေဟာ မြည်းလေးရဲ့
ကိုပေါ်ကို ကျကုန်တော့တာပေါ့။ အော် …ဒုက္ခ..ဒုက္ခ။ အဲဒီဒုက္ခကို ရုန်းမထွက်နိုင်ခဲ့ရင် ၊သူ့ကိုယ်ပေါ်ကျလာတဲ့ ဒုက္ခမြေစိုင်
မြေခဲတွေကိုသာ မြည်းလေး ခါမချခဲ့ရင် အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ မြည်းလေး အသက်ရှင်နေနိုင်တာဟာ သူ့ကိုယ်
ပေါ်ကျလာတဲ့ ဒုက္ခမြေစိုင်မြေခဲတွေကို အားနှစ်ဆနဲ့ ခါချနိုင်ခဲ့လို့ပါ။ ဒုက္ခထဲက ရုန်းထွက်ခဲ့လို့ပါ။
ဒီပုံပြင်ထဲက ရလိုက်တဲ့ ဥပဒေသက…သင့်ပေါ်ကို ဒုက္ခမြေစိုင်များ ကျလာပါလိမ့်မယ်။ အဲဒီလိုကျလာရင် အဲဒီဒုက္ခမြေစိုင်
မြေခဲတွေကို သင်က ပြန်ခါချပေးလိုက်ပါတဲ့။ ခါချတဲ့နေရာမှာ ဒုက္ခမြေစိုင်မြေခဲကတစ်ဆဆိုရင် သင်က နှစ်ဆ ခါချရပါ
လိမ့်မယ်တဲ့။ ဒါမှ သင်ဟာ ဘ၀ကို ရှင်သန်အောင်မြင်နိုင်သူ ဖြစ်ပါလိမ့်မယ်တဲ့။
ကဲ ..ဒကာ ဒကာမ ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးတို့ရေ…..ဘ၀ရယ်လို့ ရလာရင်တော့ ဒုက္ခနဲ့ တွေ့ကို တွေ့ရမှာပါ။
ကိုယ့်ရဲ့ အပေါင်းအဖော်လိုကို တွေ့ရမယ်။ အဲဒီလိုဒုက္ခနဲ့တွေ့လာတဲ့အခါအရှုံးမပေးလိုက်ပါနဲ့နော်။ ရင်ဆိုင်တွေ့လာတဲ့
ဒုက္ခတိုင်းကို နင်လားဟဲ့ ဒုက္ခ လို့ ကြွေးကြော်ပြီးတော့ ခါချလိုက်ပါ။ ရုန်းထလိုက်ပါ။
ဒီလိုသာ သင်တကယ်လုပ်နိုင်ခဲ့ရင် အောင်မြင်လာမှာမလွဲပါဘူးဆိုတာ ပြောခဲ့ပါရစေ……..။
တကယ်လို့ ဦးဇင်းတို့တစ်တွေဟာ သံသရာဒုက္ခ အားလုံးကလွတ်မြောက်ချင်တယ်ဆိုရင်၊ဒုက္ခတရား တွေကိုမှန်မှန်
ကန်ကန်သိပြီး ဒုက္ခငြိမ်းရာနိဗ္ဗာန်ကိုရောက်လိုတယ်ဆိုရင်တော့ ကိုယ်ရနေတဲ့ဒုက္ခသစ္စာကြီးကို၊ ကိုယ့်ပေါ်ကျနေတဲ့
သံသရာဒုက္ခ ဘ၀ဒုက္ခတွေကို အားသုံးဆနဲ့ရုံးထလိုက်ပါ။ခါချလိုက်ပါလို့….။ အဲဒီအား သုံးပါးကတော့ သီလ ၊ သမာဓိ ၊
ပညာ-တို့ ဖြစ်ကြပါတယ်။ တစ်နည်းပြောရရင် သီလမဂ္ဂင် ၊ သမာဓိမဂ္ဂင် ၊ ပညာမဂ္ဂင်-တို့ ဖြစ်ကြပါတယ်။
မဂ္ဂင် ဆိုတာနဲ့ကြောက်မသွားကြပါနဲ့နော်။ ကောင်းတာကို များများပြောမယ် + ကောင်းတာကိုများများ လုပ်မယ် +
ကိုယ့်ရဲ့ ဗိုက်တစ်လုံးပြည့်ဖို့ အတွက်မကောင်းတဲ့ မသန့်ရှင်းတဲ့ အသက်မွေးမှုကိုရှောင်ကြဉ်မယ်ဆိုရင် အဲဒါ သီလမဂ္ဂင်
ဆိုတဲ့အားနဲ့ ဒုက္ခကိုယှဉ်ပြိုင်နေတာပါ။ ကောင်းတဲ့ဘက်မှာများများအားထုတ် ကြိုးစားမယ် + သတိတရားတွေနဲ့ ကောင်း
တဲ့ဘက်မှာ များများ အမှတ်ရအောက်မေ့နေမယ် + ကောင်း တဲ့အာရုံတွေပေါ်မှာ စိတ်ကိုတည်ငြိမ်နေအောင် ထားမယ်
ဆိုရင် အဲဒါဟာ သမာဓိမဂ္ဂင်ဆိုတဲ့အားနဲ့ ဒုက္ခကို ခါချနေတာပါ။ ကိုယ့်အယူအဆ ၊ အတွေးအမြင်တွေ မှန်ကန်နေအောင်
လေ့လာဆည်းပူးနေမယ် + ကောင်းတဲ့ ကုသိုလ်အာရုံတွေကိုသာ များများကြံစည်မယ်ဆိုရင် အဲဒါဟာ ပညာမဂ္ဂင်ဆိုတဲ့
အားနဲ့ ဒုက္ခကိုတိုက်ထုတ်နေတာပါ။
ကဲ…..နင်လားဟဲ့ ဒုက္ခ လို့ ကြွေးကြော်ပြီး ကိုယ်ရနေတဲ့ဒုက္ခတွေက လွတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို ရချင်တယ်ဆိုရင်၊
ကိုယ့်ပေါ်ကျလာတဲ့ ဒုက္ခမှန်သမျှကို ခါချချင်တယ်ဆိုရင် ၊ တိုက်ထုတ်ချင်တယ်ဆိုရင် သီလ + သမာဓိ + ပညာ ဆိုတဲ့
အားသုံးဆနဲ့ ရုန်းထကြပါ။ ထိုကဲ့သို့ရုန်းထနိုင်ကြကုန်၍ ဘ၀ရဲ့ ပြည့်စုံ ရှင်သန်ခြင်းများစွာကို အေးချမ်းပျော်ရွှင်စွာ
ပိုင်ဆိုင်နိုင်ကြပါစေလို့…..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
-
▼
September
(756)
No comments:
Post a Comment