Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 6 September 2012

...ထားမသွားနဲချစ်သူ...


ချစ်သူရယ်..
မြတ်မြတ်နိုးနိုးကြင်နာတယ်။
အပြုံးတွေမင်းမျက်နှာပြင်ပေါ်
ဝတ်ဆင်ဖို့၁၀ခါပြန်
နာကျင်ပါစေ..မင်းအပြုံးကလန်းတယ်။
ချစ်တယ်ဆိုတာကို
ချစ်တယ်ဆိုရုံလေးပဲချစ်ခဲ့ချင်တာပါ..
လောဘ၊ ဒေါသ၊ မောဟတွေနဲ့
ကင်းတဲ့ နှလုံးသားတစ်စုံကို
ပေးဆပ်ချင်တယ်..မင်းနားခိုရာပေါ့..
အေးမျှစေဖို့အာမခံတယ်။
နှောင်ကြိုးတွေနဲ့တော့
မရစ်ပတ်ချင်ဘူး ချစ်သူ။
လွတ်လပ်စွာပျံသန်းဖို့ကောင်းကင်ဟာမင်းအတွက်ပါ
ယုံကြည်မှုတွေကငါ့ရဲ့လက်ဆောင်..
နောက်ပြီး..
မင်းလက်အပ်ခဲ့တဲ့သံယောဇဉ်ကြိုးကိုတော့
အမြဲကိုင်ဆောင်ထားပေးပါ။
တစ်ချိန်တစ်ခါက
မရည်ရွယ်ခဲ့တဲ့ ဒဏ်ရာတွေမင်းဆီလမ်းမှားခဲ့တာ
တောင်းပန်ပါတယ်
နောင်တတွေကငါ့ရင်ခွင်ကို
အဆက်မပြတ်မွှန်းနေဆဲပါ..
ဓါးသွားတောင် ထက်လို့ပေါ့။
မင်းချစ်တာထက်
ငါပိုချစ်တယ်လို့တဇွတ်ထိုး မညင်းပါဘူး။
မင်းရဲ့အချစ်က
ငါ့ရဲ့ဘဝ
မင်းရဲ့ဂရုဏာကငါ့ရဲ့နည်းပြ
မင်းဟာငါ့ရဲ့ရတနာ
ငါ့ရယ်သံတွေအော်ဟစ်တာ
ငါ့ကိုပိုင်စိုးသူကမင်းမို့ပါ..။
ညဆိုလွမ်းတိုင်း
ကျနေကျ မျက်ရည်တွေအတွက်
ခေါင်းအုံးကသက်သေပေါ့။့
တွယ်တာမိတာ မှားမယ်ဆိုလည်း
အသေသာသတ်လိုက်ကြပါ။
မင်းမရှိတဲ့ ငါ့ဘ၀ဟာ
ခါးသက်နေမှာမို့
ထားမသွားနဲ့..ချစ်သူ။.......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့