မာနတွေပြာချခဲ့တဲ့အချိန်တွေထဲက
ရုန်းထွက်တဲ့အခါတဆိတ်နာကျင်နေတဲ့
ငါ့နှလုံးသား.....မတမ်းတမှုတွေနဲ့ နေသာသွားတယ်။
တူညီရာတူညီကြောင်း ခံစားချက်တွေမွေးဖွားဖို့
အချိန်တွေတော်တော်ကြာ
ငါ့မျက်ရည်တွေ ရင်းခဲ့ရတယ်
ရင်ခုန်သံတွေကြားခဲ့ရတယ်
ပြီးတော့ ......ငါ့နေ့ရက်တွေအသက်မဲ့ခဲ့ရတယ်။
မသက်ဆိုင်တော့တဲ့အနာဂတ်
နင်ကိုယ်တိုင်သတ်မှတ်ပေးပြီးမှ
အတိတ်တွေက ငါ့ရဲ့ပေးဆပ်ခြင်း
တန်ဆာဆင်ပြီးတော့လည်း........
မလွမ်းတော့ပါဘူး။
တစ်ခြားတစ်ရောက်အပေါ် သစ္စာတွေရှိချင်လို့
ငါ့အတွက်မေတ္တာမပေးနိုင်တဲ့ နင်နဲ့လည်း
နောက်သံသရာမှာဆုံးဆည်းရဖို့
ငါ့ ထပ်ပြီးတော့လည်းဆုမတောင်းတာ့ပါဘူး။
နင်မလိုချင်လို့ ရှောင်ဖယ်ထားတဲ့ ငါ့ကို
မပြတ်သားမှုတွေနဲ့ မျှောလင့်ချက်မပေးနဲ့
တွေရှိခဲ့အမျှ ငါသိပြီးသာ.....
နင်အကြောင်းတွေကို ငါ့ရင်ခွင်ကငြိုငြင်းသွားပြီး။
အားလုံးသော နောက်ဆုံမှာ
နင်မချစ်သလို့ ငါ့မေ့သွားပြီး
နင်ကျေနပ်သလို့ ငါ့နေတတ်သွားပြီး
သက်ရောက်မှုတိုင်ရဲ့“
တန်ပြန်မှုတွေကို
နင်ဘာကြောင့်လက်မခံနိုင်ရတာလဲ?
No comments:
Post a Comment