ငါမင်းကိုမျှော်လင့်နေသလို
တဖက်မှာလဲမင်းရဲ့မျှော်လင့်ချက်တွေရှိနေတယ်ဆိုတာ
ငါသိပါတယ်ချစ်သူ..ဒါပေမယ့်
မသိကျေးကျွန်ပြုခြင်းတွေနဲ့အတူ
ငါကြေကွဲစွာမျှော်လင့်နေမယ်....
ဒါပေမယ့်မင်းကိုသိစေချင်တာက
မင်းကိုငါသိပ်ချစ်တယ်ဆိုတာပဲ
ဘယ်သူမဆိုသ၀န်တိုတတ်ကြပါတယ်
ငါလဲသ၀န်တိုတတ်ပါတယ်.....
ဒါပေမယ့်မင်းနဲ့ငါ့ရဲ့သံယောဇဉ်ကြိုးလေး
တွေမှာအထုံးလေးတွေမဖြစ်စေချင်ဘူး
ဒါကြောင့်ငါတိတ်တိတ်လေးပဲသ၀န်တိုပြီး
ကြေကွဲနေခဲ့တယ်..ဒါကိုမင်းသိနိုင်မလား
ချစ်သူမင်းသိနိုင်ပါစေလို့ လဲဆုတောင်းနေပါတယ်
ငါကြိမ်လဲမပြောချင်ဘူး
သစ်စာလဲမဆိုချင်ဘူး
ဒါပေမယ့်ငါရင်ထဲကလာတဲ့စကားတခွန်
ကိုတော့ပြောမယ်နော်မင်းကိုအရမ်းချစ်တယ်
တသက်လုံးချစ်သွားမယ်ဆိုတာပါပဲ
မင်းရင်ခွင်ဟောင်မှာပဲပျော်နေပျော်နေ
ရင်ခွင်သစ်မှာပဲပျော်နေပျော်နေ
ငါအမြဲဆက်ချစ်နေမှာပါ
ငါကိုအရူးလို့ ပြောရင်လဲပြောပါစေတော့လေ
တခါတလေမှာမင်းအဲ့ဒီအရူးကိုပဲ
သူကတချိန်တုန်းကငါကိုချစ်ခဲ့သူပါလားလို့ 
တစ်စကန့်လောက်သတိရပေရင်ကျေနပ်ပါပြီး
ချစ်သူရယ်.....................
No comments:
Post a Comment