Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 6 September 2012

သတင်းတိုများ


ပြည်တွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်ရန် လိုအပ်

UMFCCI မှ တာဝန်ရှိသူရဲ့ပြောကြားချက် အရ ပြည်တွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်ရန် လိုအပ်နေ တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်း လုပ်ငန်း တွေမှာ ၉၀ ရာခိုင်နှုန်း ကျော်ဟာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖြစ်ပြီး အဆိုပါ လုပ်ငန်းတွေမှာ  ဈေးကွက် ရရှိမှု၊ ရင်းနှီးမြှုပ်နှံ နိုင်မှု ပမာဏနဲ့ နည်းပညာပိုင်း တိုးတက်ဖို့ တွေမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်း တွေမှာ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်း စွမ်းဆောင် နိုင်မှုများ ရှိနေပေမယ့် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ပြီး ထုတ်ကုန် လုပ်ငန်းကို တိုးမြှင့်ဖို့ ဆိုရာမှာတော့ အရင်းအနှီး စိုက်ထုတ်ပြီး နည်းပညာ ပိုင်းမှာ မြှင့်တင် လုပ်ဆောင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အဲ့ဒီလို လိုအပ်ချက်တွေ အားလုံးကို ဖြည့်တင်းဖို့ အတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်တွေရဲ့ လုပ်ဆောင် နိုင်စွမ်းနဲ့ လုပ်ဆောင်ဖို့ ခဲယဉ်းနေပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်ရောက် လာမှသာ အဆိုပါ လိုအပ်ချက်တွေကို ပြည့်စုံနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် တွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု ရှိလာပါက လိုအပ်ချက် တစ်ခု ဖြစ်တဲ့ အရင်းအနှီး ပိုင်းမှာ အလိုအလျောက် ပြည့်စုံသွားမှာ ဖြစ်သလို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု နဲ့အတူ နည်းပညာတွေပါ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မှတဆင့် အဆိုပါ မြှုပ်နှံမှု နိုင်ငံရဲ့ဈေးကွက်ကို ထိုးဖောက် ရရှိလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား ရရှိ ၀င်ရောက် လာဖို့မှာ ပြင်ဆင် ရေးဆွဲလျက် ရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ နှစ်ဦးနှစ်ဖက် အဆင်ပြေ စေတဲ့ ဥပဒေ ထွက်ရှိ လာဖို့ လိုအပ် တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ဒေသကြီးရှိ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ လုပ်ငန်း လျင်မြန် စေရန် စစ်ဆေးရေး စခန်း ၂ ခု တိုးချဲ့ဖွင့်လှစ်

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တနင်္သာရီတိုင်း ဒေသကြီးရှိ ကမ်းဝေးငါးဖမ်း ရေယာဉ်များ ငါးဖမ်း လုပ်ငန်း လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုပေးပြီး
ဖြစ်ရာ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ လုပ်ငန်း လျင်မြန် ချောမွေ့စွာ ဆောင်ရွက် နိုင်စေရေး အတွက် စစ်ဆေးရေး စခန်း ၂ ခုကို ထပ်မံ တိုးချဲ့ ဖွင့်လှစ် ပေးထား တယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ်ပေး ထားတဲ့ စစ်ဆေးရေး စခန်း ၂ ခု ကတော့ ဌာနဆိုင်ရာ အဖွဲ့များ ပါဝင်တဲ့ ကော့သောင်း မြို့ရှိ ရွှေဝက်ဝံ တံတား စစ်ဆေးရေး စခန်းနဲ့ ဘုတ်ပြင်း မြို့နယ်ရှိ ၀ါးကျွန်း စစ်ဆေးရေး စခန်း ၂ ခုကို တိုးချဲ့ ဖွင့်လှစ်ပေး ခဲ့တာ ဖြစ်ပါတယ်။

အရင်က ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေကို စစ်ဆေး ပေးတဲ့ စစ်ဆေးရေး စခန်းမှာ မြိတ်မြို့ မှာသာ တစ်ခုတည်း ရှိပြီး အခုအခါ မှာတော့ ကော့သောင်းနဲ့ ဘုတ်ပြင်း မြို့နယ် တို့မှာ ထပ်မံ တိုးချဲ့ ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ အဆိုပါ ကော့သောင်း မြို့ရှိ ရွှေဝက်ဝံ တံတား စစ်ဆေးရေး စခန်း FOB Check Point မှာ ရာသီအချိန်မရွေး ငါးဖမ်းရေယာဉ်များ ဆိုက်ကပ် နိုင်ခြင်း၊ ငါးဖမ်းရေယာဉ် ၄ စီး တပြိုင်နက် ဆိုက်ကပ်ပြီး ကုန်တင်၊ ကုန်ချပြုလုပ် နိုင်ခြင်းတို့ကို ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၀န်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ဆီ၊ ရေခဲ၊ ရေတို လုံလောက်စွာ ရရှိနိုင်ခြင်း၊ ငါးဖမ်းကွက်မှ မြိတ်မြို့သို့ ၀င်ရောက် ရခြင်းမရှိပဲ ကော့သောင်း မြို့သို့ တိုက်ရိုက် ၀င်ရောက် နိုင်တဲ့ အတွက် စက်သုံးဆီ ကုန်ကျမှု သက်သာခြင်း၊ အချိန်ကုန် သက်သာခြင်းများ အပြင် ငါးများရဲ့ အရည်အသွေး ပိုမို လတ်ဆတ်မှု ရှိပြီး အချိန်တို အတွင်း တင်ပို့ ရောင်းချ နိုင်ခြင်းစတဲ့ အားသာချက်များ ရရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရေထွက် ပစ္စည်းများ ပြည်ပသို့ တင်ပို့ ရောင်းချခြင်းကို အစိုးရ အဖွဲ့အနေနဲ့ နိုင်ငံတော်သို့ ပေးဆောင် ရမယ့် အခွန်အခများ အပေါ် ဖြေလျှော့ ဆောင်ရွက် ပေးထားပြီး ဖြစ်ပါတယ်။

နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်း ရေယာဉ်များမှ ဖမ်းဆီးရ မိတဲ့ ရေငံငါးမျိုးစုံကို FOB စနစ်နဲ့ လုပ်ငန်း လွယ်ကူ လျင်မြန် ချောမွေ့စွာ ပြည်ပသို့ တင်ပို့နိုင်စေဖို့၊  ရေထွက် ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးမြင့် လာစေဖို့၊ တရားမ၀င် တင်ပို့ ရောင်းချမှု ပပျောက်စေဖို့ အတွက် လက်ရှိ မြိတ်မြို့ FOB Check Point နဲ့ ကော့သောင်း မြို့နယ် ရွှေဝက်ဝံ တံတား FOB Check Point ကို ထပ်မံတိုးချဲ့ ဖွင့်လှစ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့