လှလိုက်တဲ့ လမင်းတိမ်တွေခွင်းလို့အလင်းရောင် ဝေဖြာချစ်သူ့မျက်နှာ ကြည့်နေသလားမြူမှောင်ရှင်းလင်းအန္တရာယ်ကင်းအောင်ဆောင်သည့်နမိတ်
လှလိုက်တဲ့ နေမင်းနေချည်နုနု သူ့ပါးပြင်ထက်ဝင်ရောက်ခစားပန်းနုရောင်ပြေးရှက်သည့်ပါးပြင်ထင်မိပုံသွင်
လှလိုက်တဲ့ ရေပြင်
တံလျှပ်ရောင်ပြေး
စိတ်ဆန္ဒတွေ ညစ်ထေးလာရင်
ခဏလေးသူနား ရောက်ရှိတွေ့ထိ
မြင်မိသခိုက် ရင်ကိုအေးချမ်း
နှလုံးသားက ကြည်နူးပျော်ရွှင်မိပါတယ်
လှလိုက်တဲ့ မြေကြီး
ရွှေတွေသီး
ဘယ်လိုပုံသဏ္ဍန်
သူ့ပေါ်ရောက်ရောက်
မောတယ်မညီး ပမ်းတယ်မပြော
စိတ်ဝယ် တွေ့ထိခံစားမိသည့်
သည်ခဏတာ ရင်ဝယ်အေးချမ်းမိပါတယ်။
♥လ ♥နေ ♥ရေ ♥မြေ♥♥ ချစ်သူနေသည့် တစ်ကမ္ဘာ♥
အေးချမ်းစေချင်လှပါတယ်။
လှလိုက်တဲ့ နေမင်းနေချည်နုနု သူ့ပါးပြင်ထက်ဝင်ရောက်ခစားပန်းနုရောင်ပြေးရှက်သည့်ပါးပြင်ထင်မိပုံသွင်
လှလိုက်တဲ့ ရေပြင်
တံလျှပ်ရောင်ပြေး
စိတ်ဆန္ဒတွေ ညစ်ထေးလာရင်
ခဏလေးသူနား ရောက်ရှိတွေ့ထိ
မြင်မိသခိုက် ရင်ကိုအေးချမ်း
နှလုံးသားက ကြည်နူးပျော်ရွှင်မိပါတယ်
လှလိုက်တဲ့ မြေကြီး
ရွှေတွေသီး
ဘယ်လိုပုံသဏ္ဍန်
သူ့ပေါ်ရောက်ရောက်
မောတယ်မညီး ပမ်းတယ်မပြော
စိတ်ဝယ် တွေ့ထိခံစားမိသည့်
သည်ခဏတာ ရင်ဝယ်အေးချမ်းမိပါတယ်။
♥လ ♥နေ ♥ရေ ♥မြေ♥♥ ချစ်သူနေသည့် တစ်ကမ္ဘာ♥
အေးချမ်းစေချင်လှပါတယ်။
No comments:
Post a Comment