Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 12 September 2012

တစ်ပွင့်ပန်း....................သို့ မညိုးပန်း............။

အကြင်နာဆိုတာ

ရင်မှာအလိုလိုပွင့်တဲ့

ပန်းတစ်ပွင့်လိုပါပဲ

ပန်းလေးဟာနွမ်းတတ်ပေမယ့်

ရင်ထဲကအကြင်နာပန်းတော့

အမြဲလန်းနေတဲ့သဘောရှိတယ်

နင်းချေဖျက်ဆီးခံရရင်တောင်မှ

နောင်တမရဘူး

ရည်စူးသူသိသိ မသိသိ

ရနံကတော့ မွှေးမွှေးလေးရှိတယ်

ဘယ်တော့မှမပြယ်ပါဘူး

မင့်ကိုရည်စူးပြီး

တစ်ပွင့်ထဲအထူးပွင့်တယ်ဆိုရင်

သူ့ကို

သစ္စာပန်းလို့ မှတ်ပေးပါ...............။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့