လက်ရှိ ဈေးကွက် အတွင်းမှာ ရောင်းချနေတဲ့ ငွေဖြည့်ကတ် တွေဟာ သုံးစွဲသူ အချို့ အတွက် သုံးစွဲရမှု ပမာဏ အနည်းငယ် များပြားတဲ့ အတွက်ကြောင့်
သုံးစွဲသူတွေ အဆင်ပြေစေဖို့ ကျပ်ငါးထောင်တန် ငွေဖြည့်ကဒ် များကို စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ရောင်းချမှာ ဖြစ်တယ်လို့ Elite-Tech IT Service Co.Ltd ကုမ္ပဏီမှ သိရပါတယ်။ အဆိုပါ ကျပ်ငါးထောင်တန် ငွေဖြည့်ကဒ် တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငွေဖြည့်ကတ် ရောင်းချတဲ့ ပုဂ္ဂလိက ကုမ္ပဏီများသို့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပေးမှာ ဖြစ်ပြီး ကုမ္ပဏီမှ ဆက်လက် ဖြန့်ဝေရောင်းချ သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် တွေကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်တယ်လို့ Elite-Tech IT Service Co.Ltd မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ ငွေကျပ် သုံးသောင်းတန်နဲ့ ငွေကျပ် တစ်သောင်းတန် ငွေဖြည့်ကဒ်များ ရောင်းချ လျက်ရှိပြီး ပြည်သူတွေ အနေနဲ့ ငွေကျပ် တစ်သောင်းတန် ငွေဖြည့်ကဒ် များကိုသာ အသုံးပြုမှု များပြားလျက် ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment