Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 8 September 2012

လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး

မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားလမ်း တာရိုးပေါ်မှ လက်ပန်းတောင်း တောင်ကြည့်ပွဲနှင့်
 ယင်းတောင်ကြီး မပျောက်ပျက်စေရန် ပြည်သူလူထု၏ လက်မှတ် ရေးထိုးပွဲကို
ယနေ့ ညနေ ၄ နာရီ အချိန်မှ စတင် ကျင်းပခဲ့ရာ ၅နာရီ ၄၅မိနစ် အချိန်တွင် ပြီးဆုံး
ခဲ့ကြောင်း သွားရောက် ကြည့် ရှုခဲ့ သူများကပြောကြားသည်။

မုံရွာ ဘက်ကမ်းမှ လူဦးရေ ၁၀၀ နီးပါးခန့်ယင်းပွဲတွင် ပါဝင်ခဲ့ကြပြီး ချင်းတွင်းမြစ် တစ်ဖက်ကမ်းမှ လယ်သိမ်းခံတောင်သူ ၃၀၀ ခန့်က တူညီတီရှပ်များ ဝတ်ဆင်၍ မုံရွာဘက်ကမ်းသို့ကူးရန်
လာခဲ့သော်လည်း ညောင်ပင်ကြီး ဆိပ်ကမ်းတွင် စက်လှေများ ရုတ်တရက် လိုင်းပိတ်လိုက်သည့် အတွက်မုံရွာဘက်ကမ်းသို့လာရောက်နိုင်ခြင်းမရှိကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။

"ဒီဘက်ကမ်းကနေ အလုပ်ပြန်မယ့် အလုပ်သမားတွေလည်း စက်လှေတွေ ပိတ်ထားတော့ ပြန်လို့မရဘူးဖြစ်သွားတယ်။ ၆နာရီ ထိုးလောက်မှာတော့ မုံရွာဘက်ကမ်းက စက်လှေတွေပြန် ထွက်ခွင့်ပေးလိုက်ပေမယ့် အနောက်ဘက်ကမ်းက စက်လှေတွေ ထွက်လာတာ တော့ မမြင်မိသေးဘူး"ဟု ယင်းတာရိုးပေါ်တွင် ရောက်ရှိနေသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly



လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ ပြည်သူများ၏ လက်မှတ် ရေးထိုးပွဲ



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့