Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 10 September 2012

ရန်ကုန်မြို့လယ်တွင် မီးလောင်

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၈ လမ်း အလယ်ဘလောက်က တိုက် ၁ လုံးရဲ့ ၈ လွှာမှာ ဒီနေ့ခင်း မီးလောင်တယ်လို့ သတင်းသွားယူတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

တိုက်နံပါတ် ၁၇ (၁) ရဲ့ ၈ လွှာက အခန်းတခုမှာ နေ့ခင်း ၂ နာရီကျော်က စတင်လောင်ကျွမ်းတာဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအခန်းမှာ အသက် ၅၀ ကျော်ခန့်အရွယ် အမျိုးသားတဦး နေထိုင်ပြီး သူ လွတ်မြောက်မှု ရှိ မရှိ မသဲကွဲသေးသလို ဘယ်ကစပြီး လောင်ကျွမ်းတယ်ဆိုတာလည်း မသိရသေးပါဘူး။

မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၅ စီးနဲ့ လာရောက်ငြိမ်းသတ်တယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ  
ကျောက်တံတားမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ၃၈လမ်း အမှတ် ၁၇၁ ဘီ ရှစ်လွာ တိုက်ခန်းမီးလောင် ၊ အသက်(၇၀) လေဖြတ်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းရရှိ၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က စတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်မှာ မီးငြိမ်းခဲ့ကြောင်း (ဓါတ်ပုံ ဇေကြီး)  DVB

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့