Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

မိုးရေထဲက ကောင်မလေး. . . . .

မနေ့ညက မိုးတွေအရမ်းရွာတယ်
မိုးရေထဲမှာ ရပ်နေတဲ့
မင်းရဲ့ပုံရိပ်ေးကို ငါမြင်ခဲ့ရတယ်။ ။ ။
အကြည့်ချိုတဲ့ မျက်စောင်းလေးတစ်ချက်
ငါ့ရင်ခွင်ကို မင်းအရောက်ပို့ပေးခဲ့တာကြောင့်
ငါ့ရင်ဘက်ကြီးတစ်ခုလုံးး ဒုန်းဒုန်းမြည်ခဲ့ရတယ်။ ။
လေနှင်ရာမိုးစက်ပွင့်တို့ ရွက်လွင့်ခဲပေမယ့်
ငါ့ရဲ့  မျက်ဝန်းတစ်စုံမှာ မင်းရဲ့ ပုံရိပ်လေးတစ်ခု
ထင်ကျန်နေခဲ့တယ်။ ။ ။ ။
ခြေဦးတည့်ရာ လျှောက်လှမ်းလာခဲ့တဲ့
ငါ့ရဲ့ ခြေထောက်တွေ ရပ်တန့်လို့နေပြီ
ငါ့ရဲ့ မျက်ဝန်းတွေက
ဝေးလွှင့်သွားတဲ့ မိုးရေစက်တို့ကို
ငေးကြည့်နေရင်း ငါ့ရင်ခွင်မှာ
ပတ်ဖျန်းသွားတဲ့ မင်းရဲ့ အပြုံးလေး
ခွင့်ပြုမယ်ဆိုရင် ထာဝရသိမ်းဆည်းထားပါရစေ လား
မိုးရေထဲက ကောင်မလေးရယ်။ ။ ။ ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့