စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကာ နိုင်ငံတော် အရန်ဆန် ရောင်းချလျက်ရှိ
Wednesday 5th September 2012
နိုင်ငံတော် အရန်ဆန် ထားရှိရေး ကြီးကြပ်မှု ကော်မတီမှ ၀ယ်ယူ ထားတဲ့ နိုင်ငံတော် အရန်ဆန် များကို စက်တင်ဘာလ ၃ ရက်နေ့မှာ စတင်ကာ
ဝါးတန်းလမ်း ကုန်စည်ဒိုင်မှာ ရောင်းချ ပေးနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အရန်ဆန်ကို ရောင်းချမှုဟာ ပြည်သူများ အတွက် သက်သာတဲ့ ဈေးနှုန်းများနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီလိုရောင်းချရာ မှာတော့ ဧည့်မထ ၂၅ မှတ် ဆန်အမျိုးအစားမှာ ဆန်ကီလို ၅၀ အိတ် ၁ အိတ်ကို ငွေကျပ် တစ်သောင်း ငါးထောင် ကျပ်နဲ့ ရောင်းချပေး နေတာ ဖြစ်ပါတယ်။
အဲ့ဒီ အရန်ဆန်များကို ဆန်လက်လီ ရောင်းချတဲ့ ဆန်အရောင်းဆိုင်များနဲ့ ၀င်ငွေ နည်းတဲ့ စားသုံးသူများကို အဓိက ရောင်းချပေး နေတာဖြစ်ပြီး တစ်ဦးလျှင် အနည်းဆုံး ဆန်အိတ် ၂၀၀ ထိ ၀ယ်ယူခွင့် ရှိတယ်လို့ သိရပါတယ်။ ဒီလို အရန်ဆန် ရောင်းချရာ မှာလည်း စတင် ရောင်းချတဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ဆန်အိတ် ၃၀၀၀ နီးပါး ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အရန်ဆန်ကို လာရောက် ၀ယ်ယူသူများ အနေနဲ့ ပထမ တစ်ရက်မှာ ဆန်အိတ် ၂၀၀ ၀ယ်ယူပြီး ပါကလည်း နောက်ရက်မှာ ဆန်အိတ် ၂၀၀ကို ထပ်မံ ၀ယ်ယူလိုပါက လာရောက် ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ အရန်ဆန်များ ရောင်းချမှု ကိုတော့ နိုင်ငံတော် အရန်ဆန် ထားရှိရေး ကြီးကြပ်မှု ကော်မတီမှ ၀ယ်ယူ ထားရှိတဲ့ အရန်ဆန်များကို ရက်အကန့်အသတ် မရှိ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။ ဒီလိုရောင်းချရာမှာ ဈေးကွက် အတွင်း ဆန်ဈေးကျ သွားပါ ကလည်း ကျသွားတဲ့ ဈေးနှုန်း အလိုက် လိုက်လံ ရောင်းချပေးမှာ ဖြစ်သလို ဆန်ဈေးနှုန်း ပြန်လည် မြင့်တက် လာရင်တော့ ကော်မတီ မူလ ရောင်းချနေတဲ့ နဂိုရောင်းဈေး အတိုင်း ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စွမ်းအင် ဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီများ တက်ရောက် ဆွေးနွေးခဲ့
Wednesday 5th September 2012
ပြည်ပ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီများ တက်ရောက် ဆွေးနွေး လျက်ရှိတဲ့ စွမ်းအင် ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ
၆ ရက်နေ့ အထိ Sedona Hotel မှာကျင်းပ ပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက ပြည်တွင်းမှာ တူးဖော်လုပ် ကိုင်လျက်ရှိတဲ့ စွမ်းအင် ကုန်းတွင်း လုပ်ကွက်များ၊ ကမ်းလွန် လုပ်ကွက် များနဲ့ ပတ်သက်တဲ့ အချက်အလက်များ တွေကို ပြည်ပ လုပ်ငန်းရှင် များအား ဆွေးနွေး တင်ပြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပ လုပ်ငန်းရှင် များကို ပြည်တွင်းမှာ ရေးဆွဲ လျက်ရှိတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံဆိုင်ရာ ဥပေဒ အချက်အလက်များ ကိုလည်း ဆွေးနွေး တင်ပြ ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစွမ်းအင် ဆိုင်ရာ အစည်းအဝေးမှာ အင်္ဂလန်၊ အမေရိက၊ သြစတြေးလျ၊ ဘရာဇီး၊ အီတလီ၊ တရုတ်၊ နော်ဝေ၊ ဂျပန်၊ ဘရုနိုင်း၊ အိန္ဒိယ၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှ စွမ်းအင် ဆိုင်ရာ ကုမ္ပဏီများရှိ လုပ်ငန်းရှင်များက တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို စွမ်းအင် ဆိုင်ရာ အစည်းအဝေးကို ပြည်တွင်းမှာ ကျင်းပ ပြုလုပ်မှုဟာ ဒုတိယ အကြိမ် မြောက်ကျင်းပတာ ဖြစ်ပြီး ယခုလို ကျင်းပပြုလုပ်မှုဟာ ပြည်တွင်းရှိ စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများကို နိုင်ငံတော် တာဝန်ရှိ သူတွေမှ ဖွင့်လှစ် ပေးလိုက် တာကြောင့် ပြည်တွင်းက စွမ်းအင် ကဏ္ဍမှာ ပြည်ပ နိုင်ငံများမှ လုပ်ငန်းရှင်များ ပါဝင် ဆောင်ရွက် နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်ပြီး ပြည်ပ လုပ်ငန်းရှင်များ စီပွားရေး တိုက်ရိုက် ရင်းနှီးမြှပ်နှံ မှုတွေကို စတင်ခွင့်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် စွမ်းအင်ဝန်ကြီး ဌာန အနေနဲ့ ပြည်တွင်းရှိ စွမ်းအင် လုပ်ကွက်တွေမှာ စီးပွားရေး လုပ်ငန်းရှင်များ ထပ်မံ ရင်နှီးမြှပ်နှံမှုတွေ ကိုလည်း ဖိတ်ခေါ်ထား တယ်လို့ သိရပါတယ်။
ပြည်တွင်း ဓါတ်အား လိုအပ်ချက်များ အတွက် ၁၂၅ မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည်
Wednesday 5th September 2012
ပြည်တွင်းမှာ လိုအပ်တဲ့ ဓါတ်အားထက် လုံလောက်မှု မရှိပါက ဓါတ်အား လိုအပ်လျှင် အသုံးပြု နိုင်ဖို့ ထိုင်းနိုင်ငံမှ သဘာဝ ဓါတ်ငွေ့သုံး ၁၂၅ မဂ္ဂါဝပ်
ဓါတ်အားပေး စက်နှစ်လုံးကို တပ်ဆင် သွားဖို့ရှိ တယ်လို့ သိရပါတယ်။ အခုလို တပ်ဆင်ဖို့မှု ကိုတော့ ရန်ကုန်မြို့မှာ တပ်ဆင်ဖို့ ဆောင်ရွက် နေတာ ဖြစ်ပြီး ယခုလက်ရှိမှာ အဆိုပါ စက်များ ထားရှိမယ့် နေရာတွေကို အသေးစိတ် ရွေးချယ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဓာတ်အားပေး စက်များကို ရန်ကုန်မြို့တွင်းမှာ တပ်ဆင်မှာ ဖြစ်ပေမယ့် မဟာဓါတ်အား လိုင်းထဲကို ထည့်သွင်း သွားမှာ ဖြစ်တဲ့အတွက် ဓါတ်အား လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ အစားထိုး အသုံးပြု သွားနိုင်မှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။
အဲ့ဒီလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်များ ပေးပို့မှု ကိုတော့ ထိုင်းနိုင်ငံ Electricity Generating Authority of Thailand (EGAT) မှ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက် ၂ လုံးကို ပြောင်းရွှေ့ တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒီလို တပ်ဆင်ရာမှာ ရန်ကုန်မှာ တပ်ဆင်မှု ကတော့ ပြည်တွင်းရဲ့ ဓါတ်အားလိုင်းများ အဓိကထား ရှိတဲ့ နေရာဟာ မြန်မာပြည်ရဲ့ မြောက်ပိုင်း ဒေသမှာရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်း ဒေသမှာရှိတဲ့ ရန်ကုန်ကို ဓာတ်အားပို့လွှတ်တဲ့ အခါမှာ ဓါတ်အားလိုင်း ကြားမှာ unit Losses များအဖြစ် များတဲ့ အတွက် ယခုရောက်ရှိ လာမယ့် စက်နှစ်လုံးကို ရန်ကုန်မှာ တပ်ဆင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စက်တွေကို ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ လွှဲပြောင်း ပေးဖို့လည်း အသင့် ဖြစ်နေပြီ ဖြစ်တာကြောင့် အမြန်ဆုံး တပ်ဆင် နိုင်အောင် လိုအပ်ချက်များကို တာဝန်ရှိသူများ ဆွေးနွေး လျက်ရှိ တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
တွံတေးမြို့အနီး ဆန်စပါး စက်မှုဇုန် တည်ထောင်ရန် လေ့လာ
Wednesday 5th September 2012
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ တွံတေးမြို့ အ၀င် တွံတေးတူးမြောင်း ဘေးတစ်ဘက် တစ်ချက်ရှိ
နေရာမှာ ဆန်စပါး စက်မှုဇုန် တစ်ခု ထူထောင်ရန် လေ့လာ လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စက်မှုဇုန် တည်ထောင်မှု ကိုတော့ မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO မှ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စက်မှုဇုန် မှာတော့ ဆန်များ ပြည်ပ တင်ပို့ရာမှာ အဆင့်မီတဲ့ ဆန်များ ထုတ်လုပ် တင်ပိုနိုင်ရေး အတွက် ခေတ်မီဆန် စက်ကြီးများ ပါဝင်မှာ ဖြစ်သလို ပေါင်းဆန် စက်ရုံ၊ ကြာဆံ စက်ရုံ၊ ခေါက်ဆွဲ စက်ရုံ၊ စပါးခွံမှ လျှပ်စစ်မီး ထုတ်လုပ်တဲ့ စက်မှု လုပ်ငန်းများ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုလက်ရှိမှာ အဆိုပါ စက်မှုဇုန် တည်ဆောက်ဖို့ အတွက် ကိုတော့ MAPCO မှ တာဝန်ရှိသူ တွေဟာ စက်မှုဇုန် တည်ထောင်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေ ရှိ၊ မရှိကို လေ့လာ လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို တွံတေးတူးမြောင်းအနီးမှာ ဆန်စပါးစက်မှုဇုန် တည်ထောင်မှုများဟာ ပြည်တွင်းမှ ဆန်များပြည်ပတင်ပို့ရာမှာ ပို့ဆောင်မှုပိုမိုလွယ်ကူစေရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။
နည်းပညာနဲ့ ပတ်သက်သည့် ကုမ္ပဏီ တစ်ခုအား တည်ထောင် သွားရန်ရှိ
Wednesday 5th September 2012
နည်းပညာနဲ့ ပတ်သက်တဲ့ အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်မှုကို ပြည်တွင်း နည်းပညာ နယ်ပယ်မှ လုပ်ငန်းရှင် များနဲ့ ပညာရှင်များ ပူးပေါင်းပြီး
ထူထောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အများပိုင် ကုမ္ပဏီကိုတော့ National Information and communication Technology Puplic Co.,Ltd(NICTPCO) အမည်နဲ့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီ တည်ထောင်ဖို့ အတွက် ကိုတော့ ယခုလက်ရှိမှာ လုပ်ငန်းများ စတင် အကောင်အထည်ဖော် လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အခုလို တည်ထောင်ရာမှာ ကုမ္ပဏီကို နည်းပညာ လုပ်ငန်းရှင်နဲ့ ပညာရှင် ၉ ဦးတို့မှ Founder အဖြစ် စတင် တည်ထောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီမှာ နည်းပညာပိုင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါင်း ၈၀ ကျော်မှ ပူးပေါင်း ပါဝင်ထားပြီး သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို ဦးတည် လုပ်ကိုင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီ တည်ထောင်မှုဟာ ပြည်တွင်းမှာ IT လုပ်ငန်းနဲ့ ပတ်သက်တာ တွေကို တစ်ဦးချင်းစီ ပြုလုပ်မှုများ ရှိနေပေမယ့် ပညာရှင်များ စုပေါင်းပြီး ပြုလုပ်ပါက ပြည်တွင်းရဲ့ နည်းပညာ တိုးတက်မှု တွေကို ပိုမိုဆောင်ရွက် နိုင်စေဖို့ ရည်ရွယ်ပြီး ယခုလို ကုမ္ပဏီကို တည်ထောင်တာ ဖြစ်တယ်လို့ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေကြမ်း ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထား ရှင်းလင်းပွဲ ပြုလုပ်
Wednesday 5th September 2012
လက်ရှိကာလမှာ ဥပဒေကြမ်း ထွက်ရှိ ထားကာ လွှတ်တော်တွေ အတွင်း ဆွေးနွေး ပြင်ဆင်လျက် ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး UMFCCI မှ တာဝန်ရှိ သူတွေနဲ့ ညီနောင်အသင်းက တာဝန်ရှိသူ တချို့ဟာ စက်တင်ဘာ ၄ ရက်နေ့က မီဒီယာ အဖွဲ့များနဲ့တွေ့ဆုံပြီး သဘောထား အမြင်တွေကို ဆွေးနွေး ရှင်းလင်းမှု ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေး ရှင်းလင်းရာ မှာတော့ အဆိုပါ ဥပဒေ အတွင်း ပါဝင်တဲ့ အချက်အလက် အချို့အပေါ် မူတည်ကာ ပြည်တွင်း လုပ်ငန်းရှင် တွေရဲ့ သဘောထားကို ပြောကြား ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို ပြောကြား ခဲ့ရာမှာ ပြည်တွင်းရှိ လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အပေါ် လိုလားပြီး ရှင်းနှီးမြှုပ်နှံမှု အများအပြား လာရောက် စေလိုကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ပြည်ပ လုပ်ငန်း ရှင်တွေ အနေနဲ့လည်း ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အခါ မှာလည်း လက်ရှိမှာ ရေးဆွဲထားတဲ့ ဥပဒေကြမ်း အတွင်း ပါဝင်နေတဲ့ အချက် အချို့ဟာ ပြည်ပ လုပ်ငန်းရှင်တွေ အတွက် လာရောက် ရင်းနှီး မြှုပ်နှံဖို့အရှိန်နည်းပါး စေနိုင်တာကို တွေ့ရတယ်လို့ပြည်တွင်း လုပ်ငန်းရှင် တွေက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အခက်တွေ့ စေနိုင်မယ့် အချက်တွေ ကတော့ လာရောက် ရင်းနှီး မြှုပ်နှံတဲ့ ပြည်ပ လုပ်ငန်းရှင် တွေဟာ အနည်းဆုံး ဒေါ်လာ ၅ သန်း ရင်းနှီး မြှုပ်နှံဖို့နဲ့ ရှယ်ရာအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိသာ ပါဝင်ဖို့ အတွက် ဥပဒေကြမ်း အတွင်း ပါဝင်နေမှု တွေဟာ ပြည်ပ လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးဖို့အတွက် အဟန့်အတား တစ်ခု ဖြစ်နေစေတယ်လို့ လုပ်ငန်းရှင်တွေက ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း လုပ်ငန်း တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိနေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် လိုအပ်တဲ့ ဈေးကွက်၊ အရင်းအနှီးနဲ့ နည်းပညာ တွေဟာ ပြည်ပ လုပ်ငန်းရှင်တွေ ပြည်တွင်းကို ၀င်ရောက် လာမှသာ ကောင်းမွန် ပြည့်စုံ လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအတွက် UMFCCI မှ တာဝန်ရှိသူတွေ အနေနဲ့ထွက်ရှိ လာမယ့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ အတွင်း အဆိုပါ အချက်အလက် တွေကို လွှတ်တော် ကိုယ်စားလှယ် တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည် ညှိနှိုင်း ဆွေးနွေးပြီး ပိုမိုပြည့်စုံ ကောင်းမွန်တဲ့ ဥပဒေ တစ်ရပ် တရားဝင် ထွက်ရှိလာ ဖို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြသွားဖို့ရှိတယ်လို့သိရပါတယ်။
ပြည်တွင်း သား၊ ငါးလုပ်ငန်းမှာ အခက်အခဲများနှင့် ကြုံတွေ့နေရ
Wednesday 5th September 2012
လက်ရှိ အခြေအနေမှာ ပြည်တွင်းရဲ့သား၊ ငါး လုပ်ငန်း အများစု အတွင်း လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ အခက်အခဲ အချို့နဲ့ ကြုံတွေ့နေ ရတယ်လို့
စက်တင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အပတ်စဉ် သား၊ ငါးကဏ္ဍ ဆိုင်ရာ လုပ်ငန်းရှင်များရဲ့ ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကတော့ အစာဈေးနှုန်း ကြီးမြင့်မှု၊ ကြုံတွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ် များကြောင့် ဖြစ်ပေါ်တဲ့ လုပ်ငန်း အခက်အခဲ၊ အကျပ်အတည်းများ စတာတွေနဲ့ ရင်ဆိုင် နေရပြီး လုပ်ငန်း တိုးတက်မှု နှေးကွေးနေတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒီလို လုပ်ငန်းများ အခက်အခဲ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ နေချိန်မှာ ပြည်ပ နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက် လာပါက နိုင်ငံသား လုပ်ငန်းရှင်များ အနေနဲ့ ပြည်ပ လုပ်ငန်းများနဲ့ ရင်ဆိုင် ယှဉ်ပြိုင် လုပ်ကိုင်လာရတဲ့ အခါ နိုင်ငံတော် အစိုးရ အဖွဲ့ရဲ့ ကူညီ စောင့်ရှောက်မှုများ လိုအပ် တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ၊ နည်းပညာများ၊ ဈေးကွက်များ အများအပြား ၀င်ရောက် လာပါက အဆိုပါ ပြည်ပ လုပ်ငန်းရှင်များနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွက် လိုအပ်ချက်တွေ ကိုလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သက်ဆိုင်ရာ တာဝန်ရှိသူ တွေထံ တင်ပြ သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်း လုပ်ငန်းရှင်တွေ အတွက် ပြည်ပ လုပ်ငန်းရှင်များနဲ့ ယှဉ်ပြိုင် နိုင်ကာ လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ အတွက်လည်း ချေးငွေများ လုံလုံလောက်လောက် ပေးဖို့လိုအပ်သလို ချေးငွေပေး တဲ့အခါမှာလည်း နှစ်ရှည် ချေးငွေများ ပေးပြီး အတိုးနှုန်း သက်သာခွင့် ပေးနိုင်ဖို့နဲ့ EU နိုင်ငံများသို့ တင်ပို့ခွင့် အစရှိတဲ့ အခွင့်အလမ်း တွေဟာ ရေလုပ်ငန်းရှင်တွေ ထံကို ရောက်လာဖို့ လိုအပ်တယ်လို့ သိရပါတယ်။
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် သံဃာတော်များအား ဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကျင်းပ
Wednesday 5th September 2012
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာ့ အာမခံ လုပ်ငန်းမှ ၀န်ထမ်း မိသားစုများရဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့
တက္ကသိုလ် ရန်ကုန်ရှိ နာယက ဆရာတော်နဲ့ သင်ကြားစီမံ ဆရာတော် အပါအ၀င် စာသင် သံဃာတော် အပါး ၄၅၀ တို့အား ၁၈ ကြိမ်မြောက် တစ်နေ့တာ ဆွမ်းဆပ်ကပ် လှူဒါန်းမှုကို စက်တင်ဘာလ ၄ ရက်နေ့က နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ရန်ကုန်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
အဆိုပါ လှူဒါန်းမှု မှာတော့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ရန်ကုန်မှ ဆရာတော်နဲ့ သံဃာတော်များ တစ်နေ့တာ ဆွမ်းအလှူ အတွက် ဆွမ်းအလှူငွေ ကျပ်ငါးသိန်း ကိုးသောင်း ကျော်နဲ့ ဆွမ်းပဒေသာပင် အလှူတော် ငွေကျပ် နှစ်သိန်း အပါအ၀င် စုစုပေါင်း ငွေကျပ် ခုနစ်သိန်း ကိုးသောင်း ငါးထောင်ကို မြန်မာ့ အာမခံ လုပ်ငန်းမှ ဆပ်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းမှု ကိုတော့ မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ပေးအပ် လှူဒါန်းပြီး အလှူငွေများ လက်ခံ မှုကိုတော့ သာသာနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းမှ လက်ခံရယူ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ အာမခံ လုပ်ငန်း အနေနဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ရန်ကုန်မှ သံဃာတော် များကို ယခုလို လှူဒါန်းမှုဟာ သာသနာတော် အရှည် တည်တံ့စေရေး အတွက် ရည်ရွယ်ပြီး လှူဒါန်းတာ ဖြစ်တယ်လို့ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အမျိုးသမီး လုပ်သားများကို ပြည်ပ အလုပ်အကိုင် အေဂျင်စီများမှ တရားဝင် စေလွှတ်ပေး လျက်ရှိ
Wednesday 5th September 2012
ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင် လိုတဲ့ အမျိုးသမီး လုပ်သားတွေကို ပြည်တွင်းရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများမှ တရားဝင်
စေလွှတ်မှုတွေ ပိုမိုများပြား လာတယ်လို့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ သိရပါတယ်။ ဒီလို ပို့ဆောင်ရာ မှာတော့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ သုခစုစံ ကုမ္ပဏီ မှလည်း အမျိုးသမီး လုပ်သားများကို ပြည်ပစေလွှတ် လျက်ရှိရာ စက်တင်ဘာလ ၁ ရက်နေ့က တတိယ အသုတ် အနေနဲ့ စေလွှတ်ခဲ့ တာလည်း ဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီ အနေနဲ့ ပြည်ပကို အမျိုးသမီး လုပ်သား စေလွှတ်ရာမှာ ပထမ အသုတ် အနေနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ၂၅ ဦး၊ ဒုတိယ အသုတ် အနေနဲ့ သြဂုတ်လ ၂၆ ရက်နေ့က ၂၅ ဦးနဲ့ တတိယ အသုတ် မှာတော့ စက်တင်ဘာလ ၁ ရက်နေ့က တစ်ရာ တစ်ဆယ့် တစ်ဦး စေလွှတ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ပြည်ပကို အမျိုးသမီး လုပ်သားများ တရားဝင် စေလွှတ်မှုဟာ အလုပ်သမား ဥပဒေ ထွက်ပြီး နောက်ပိုင်းမှ စတင်ကာ ဆောင်ရွက် ခဲ့ရတာ ဖြစ်ပါတယ်။ ယခု တတိယ အသုတ် အနေနဲ့ စေလွှတ်ခဲ့ ရာမှာတော့ မလေးရှားနိုင်ငံရှိ လျှပ်စစ်ပစ္စည်း အနုစိပ် လုပ်တဲ့ စက်ရုံမှာ လုပ်ကိုင်ဖို့အတွက် စေလွှတ် ပေးခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း အခုလို ပြည်ပကို အမျိုးသမီး လုပ်သား စေလွှတ်မှုမှာ အဖွဲ့အစည်း အလိုက် လုပ်ကိုင် နိုင်တဲ့ လုပ်ငန်းတွေကိုသာ ခွင့်ပြု ချထားပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီး လုပ်သားများ စေလွှတ်ရာ မှာတော့ ပြည်တွင်းမှ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း အနေနဲ့ အခကြေးငွေ မယူစေဘဲ သွားရောက်တဲ့ နိုင်ငံရောက် မှသာ လုပ်အားခထဲမှ အရစ်ကျ စနစ်နဲ့ ပြန်လည် ရယူဖို့ကိုလည်း သက်ဆိုင်ရာက ချမှတ်ပေး ထားတာ ဖြစ်တယ်လို့သိရပါတယ်။ လုပ်သားတွေကို စေလွှတ်ဖို့ စီစဉ်တဲ့ အခါမှာလည်း စေလွှတ်မှု မပြုလုပ်မီမှာ အလုပ်လုပ်ရမယ့် စက်ရုံကို အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တွေက သွားရောက်ကာ စစ်ဆေးမှုတွေ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment