ခုနှစ်ရက်သားသမီးများအတွက် ( ၁၀.၉.၁၂ ) မှ ( ၁၆.၉.၁၂) ထိ တပတ်စာဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေ သားသမီးများ၏ ကံကြမ္မာ
နိုင်ငံခြားထွက်ရန်ကြိုးစားနေသူများ နိုင်ငံရပ်ခြားခရီးအားကောင်းခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ထီပေါက်တတ်
ခြင်းဖြစ်တတ်သည်။အမိနိုင်ငံသို့လည်း အလည်အပတ်ပြန်ရတတ်သည်။ အလုပ်ပြောင်းရတတ်ခြင်း၊ အခန်းပြောင်းရခြင်း
ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံဖြစ်နေတတ်ခြင်း၊ ဆိုင်ခန်းကိစ္စ၊စာရွက်စာတမ်းကိစ္စများကြောင့်စိတ်ညစ်စရာ
များကြုံတွေ့နေရတတ် သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။
ကျန်းမာရေး။ အစားမှားခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ တယောက်နှင့်တယောက် နားလည်မှုများနှင့်အဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇)

တနင်္လာ သားသမီးများ၏ ကံကြမ္မာ
စာရွက်စာတမ်းကိစ္စအဆင်ပြေမည်။ အိုးပိုင်အိမ်ပိုင်ရတတ်သည်။ စက်ပစ္စည်းများဝင်မည်။ မိမိအတွက်အရေးကြီးသတင်း
ကောင်းများပါသောစာတစောင်ရောက်လာတတ်သည်။ အလုပ်တွင်အဆင်မပြေမှုများဖြစ်နေတတ်သည်။ ကိုယ်ပိုင်စီးပွား
ရေး လုပ်ကိုင်သူများ မိမိရစရာငွေများမရဘဲမိမိကပေးစရာများရှိနေတတ်သည်။ ငွေအတွက်ပူပင်သောက
ဖြစ်နေတတ်သည်။
ကျန်းမာရေး။ မိမိကိုယ်တိုင်ခြေထောက်ဒဏ်ရာရခြင်း၊ ဇနီးရှိသူများဇနီးခွဲစိတ်မှုလုပ်ရခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တယောက်တနေရာစီဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဂျင်းသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၃ ၁)

အင်္ဂါ သားသမီးများ၏ ကံကြမ္မာ
ဒွိဟစိတ်များနေမည်။ ဟိုသွားချင်၊ ဒီသွားချင်ဖြစ်နေတတ်သည်။ အလုပ်တွင်လည်းစိတ်တိုင်းမကျဖြစ်နေခြင်း၊အလုပ်
ပြောင်းချင်စိတ်ဖြစ် နေတတ်သည်။သို့သော်အလုပ်မပြောင်းပါနှင့်၊ ပြောင်းကယခုလက်ရှိအလုပ်ထက် နောက်အလုပ်
ကပိုပြီးစိတ်ညစ်စရာဖြစ်တတ်သည်။ပြည်တွင်းပြည်ပခရီးနှစ်မျိုးစလုံးဖြစ်တတ်သည်။ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်း
ဖြစ်တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရခြင်းဖြစ်တတ်သည်။ အသွားအလာသတိထားပါ။
ကျန်းမာရေး။ အအေးမိခြင်း၊ နှာခေါင်းရောဂါဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၀ ၁ ၆)

ဗုဒ္ဓဟူး သားသမီးများ၏ ကံကြမ္မာ
အလှူလုပ်ရမည်။ အလှူလုပ်ပြီးသော် စီးပွားတက်ခြင်း၊ ရွှေဝင်ခြင်း၊ တိုက်အိမ်ပြုပြင်ခြင်း၊ ခရီးမကြာခဏသွားရ
ခင်းဖြစ်နေတတ်သည်။ကားအဟောင်းမှအသစ်ပြောင်းလဲရတတ်သည်။ စက်ပစ္စည်းထွက်ခြင်း၊ ပြန်ဝင်ခြင်းဖြစ်
တတ်သည်။ အရေးကြီးစားရွက်စာတမ်းပျောက်တတ်သည်။ စာချုပ်စာတမ်းလက်မှတ်ထိုးရခြင်းပြုလုပ်ရတတ်သည်။
သတိပြုပါ။
ကျန်းမာရေး။ အစားမှားပြီး ဗိုက်အောင့်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား တို့ဟူးသုပ်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၀ ၄ ၀ )

ကြာသပတေး သားသမီးများ၏ ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်သည်။ အလုပ်အကိုင်သစ်လုပ်ရတတ်သည်။ မလုပ်ပါနှင့်ဆုံးရှုံးမှု
များမည်။ စိတ်တိုင်းမကျဖြစ်နေမည်။ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို အစစအရာရာသည်းခံပြီးနေပါ။
အလုပ်တွင် အသက်ကြီးသူ၊ ရာထူးကြီးသူ၊ အသက်ငယ်သူ၊ ရာထူးငယ်သူနှစ်ဦးစလုံးကြောင့်စိတ်ညစ်စရာဖြစ်နေ
တတ် သည်။ ငွေများဝင်မည်သို့သော်အကျိုးမရှိကုန်သွားတတ်သည်။
ကျန်းမာရေး။ ဆေးထိုးမှားတတ်သည်။ ( သတိတက်တူးမထိုးပါနှင့်)။
အချစ်ရေး။ အိမ်ထောင်ကျကိန်းရှိသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၆ ၆)

သောကြာ သားသမီးများ၏ ကံကြမ္မာ
လုပ်ကိုင်နေသောအလုပ်တွင်နာမည်ကောင်းရနေသည်။ ၀င်ငွေလည်းတိုးနေမည်။ အပိုဝင်ငွေရတတ်သည်။ ရပ်ဝေးမှ
လက်ဆောင်ပစ္စည်းများ လည်းရောက်လာတတ်သည်။ ရွှေ၊ နာရီဝင်တတ်သည်။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံ
တွေ့ရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများပြုလုပ်ရတတ်သည်။ အောင်မြင်ပါလိမ့်မည်။ မကြာခင်ခရီး
ထွက်ရတတ်သည်။ စက်ပစ္စည်းပျက်နေသောကြောင့်ငွေကုန်နေမည်။
ကျန်းမာရေး။ အရေပြားယားယံနေတတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူနှင့်စိတ်ချမ်းသာနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခရမ်းချဉ်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ။ ( ၅ ၁ ၆ ၂)

စနေ သားသမီးများ၏ ကံကြမ္မာ
လေယာဉ်ခရီးသွားရခြင်း (သို့) ပျော်ရွှင်သောခရီးသွားရခြင်းဖြစ်မည်။ စီးပွားတိုးတက်နေမည်။ အလုပ်ပြောင်းရွေ့ရခြင်း၊
လုပ်ငန်းသစ်တိုးချဲ့ရန်အစီအစဉ်ရှိခြင်းဖြစ်နေမည်။ အောင်မြင်မည်။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ပါ။ တခါတခါ ပျော်ပွဲရွှင်ပွဲ
များသွားပြီး စိတ်အနားယူ အပမ်းဖြေပါ။ ကားဝင်ခြင်း၊ ထီပေါက်ခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ ၀မ်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အေးအတူပူအမျှဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်တီသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ။( ၆ ၃ ၄ ၆)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*


No comments:
Post a Comment