Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 1 September 2012
ကြွေလွင့်ခဲ့သော ပန်းတစ်ပွင့်
ပန်းလေးများ လှပစွာပွင့်နေသည်ကို ငေးမောကြည့်နေမိသည်။ ရောင်စုံဖြာ၍ လှပနေကြသည်။
ပန်းတို့အလယ်မှာ ပျားပိတုန်းတို့ ၀ဲကာပျံနေကြသည်။ တစ်ချို့သော ပန်းကလေးများက ဖူးပွင့်စ။ ငုံဖူးစ။
တစ်ချို့ကား ၀င့်ဝင့်ကြွားကြား။ မားမားမတ်မတ် အလှတရားအတွက် လောကအလယ်တွင် တင့်တယ်နေပေ၏။
အချို့သည်ကား သွေ့ခြောက်နေပေပြီ။ နွမ်းကြေနေပေပြီ။ အချိန်တန်လို့ ကြွေကျသည့် ပန်းတို့အတွက် မည်သူမျှ
သတိထားကြမည်မဟုတ်။ အချို့ကား အချိန်မတိုင်ခင် ဆွတ်ခူးကြပေမည်။ ဘုရားမှာ လေးလေးစားစား ပူဇော်သူက
ပူဇော်ကြပေမည်။ အချို့ကား ခေါင်တွင် မြတ်မြတ်နိုးနိုးပန်ဆင်ကြပေမည်။
ရုတ်တရက် တယ်လီဖုန်းလာသဖြင့် ကိုင်လိုက်သည်။ ဟုတ်မှဟုတ်ပါ့မလား။ စနေတာလားဟု သံသယဖြစ်မိသည်။
သေချာအောင်ထပ်မေးလိုက်သည်။
“စည်သူကျော်…ဆုံးပြီ”
“ဟုတ်မှဟုတ်ရဲ့လား”
“ဟုတ်တယ်…ကိုကျော်”
“ဘယ်လိုဖြစ်တာလဲ”
“ကားအက်ဆီးဒင့်ဖြစ်လို့”
“ဘယ်လို”
“တောင်ပြုံးပွဲက အပြန်မှာဖြစ်တာ”
ရင်ထဲမှာ ဆို့နင့်သွားသည်။ သူ့အမေရဲ့မျက်နှာကို ချက်ချင်းသတိရလိုက်သည်။
စည်သူကျော်ဆိုတာ အခုမှ မူလတန်းကျောင်းသားလေး။ မိဘကို ဆိုးနွဲ့လို့ကောင်းတဲ့အချိန်။ အဒေါ်တွေရဲ့ ချစ်ခင်မှု
အခံရ ဆုံးကလေး။ ထမင်းစားလျှင် ဟင်းရည်သောက်ပါမှ စားတတ်သူ။ မျက်စိထဲမှာ ပြန်ပြီးမြင်ယောင်မိ သည်။
ကျောင်းဝတ်စုံလေးဖြင့် ကျောင်းသွားသည်ကို ပြန်လည်မြင်ယောင်မိသည်။ ဒီနှစ် အတန်းတင် စာမေးပွဲမှာ ဆုတက်ယူ
ရမည့်ကလေးငယ်ဖြစ်သည်။
ဘယ်လိုမှ မခံစားနိုင်တော့။ ရင်ထဲမှာ သူ့မျက်နှာလေးကို ပြန်လည်မြင်ယောင်မိသည်။ အပြစ်ကင်းစင် သော၊
အနာဂတ်အတွက် အလားအလာရှိသော ကလေးငယ်ကလေး အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ ရသည်။
တစ်အိမ်လုံး ပွက်လောရိုက်အောင် ဟစ်အော် ငိုကြွေးနေသည်မှာ ကမ္ဘာပျက်သည့်အလား ထင်မှတ် မှားစရာဖြစ်နေ
သည်။ မိသားစုဝင်တိုင်း မျက်နှာပြင် တစ်ခုလုံး မို့မို့နီနေကြသည်။ မျက်ရည်စိုစိုဖြင့် လာသမျှ မိတ်ဆွေတွေကို အသိ
အမှတ်ပြုရုံသာပြုပြီး ဆက်လက်ငိုကြွေးနေကြသည်။ နာရေးလာမေး ကြသူများမှာလည်း စိတ်မကောင်းကြ။ မငိုသော်
လည်း မျက်ရည်ဖြိုင်ဖြိုင် ကျနေကြသည်။ ယောက်ျား များမှာလည်း မျက်ရည်တွေ စို့နေကြသည်။
ဆေးရုံကြီးကို လိုက်သွားကြသည်။ စည်သူကျော့် ရုပ်အလောင်းမှာ မြင်ရက်စရာမရှိ။ ကြမ္မာဆိုးက အငြိုးနဲ့ နှိပ်စက်
လေပြီ။ အတူသွားသူတို့မှာ ဒဏ်ရာရသူက ရနေသည်။ မေ့နေသူက မေ့နေသည်။ ကွယ်လွန်သူအတွက် လိုအပ်တာ
တွေကို လုပ်ကြရသည်။ ဆေးကုသနေသူအတွက် တစ်ဖက်ကလည်း ခွဲစိပ်ကုသရေးလုပ်ငန်းတွေ စီစဉ်ကြရသည်။
လူ့ဘောင်လောကကြီးက ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်။ အရွယ်ငယ်သည်။ အရွယ်ကြီးသည် မခွဲခြား။ သေခြင်း
တရားက ရှောင်လွဲလို့မရ။ ယခုအဖြစ်အပျက်က သံဝေဂရစရာ။ သေမင်းက ငယ်ငယ်ရွယ်ရွယ်ကလေးငယ်ကို မညှာ
မတာ၊ ရက်ရက်စက်စက် ခေါ်ယူသွားသည်။ အတူသွားသူတို့မှာ သူ့ကို အဖိုး၊ အဖွားလိုနေသူများဖြစ်သည်။ သူတို့
မှာ သားသမီး မရှိတော့။ ဆွေမျိုးမတော်သော်လည်း ချစ်အားပိုခဲ့သည်။ သူ့ကို မြေးငယ်ကလေးလို တွယ်တာသည်။
သွားလေရာခေါ်တတ်သည်။ ပေးစရာရှိပေးသည်။ ကျွေးစရာရှိကျွေးသည်။ ပူဆာလျှင် ၀ယ်ပေးသည်။ စည်သူကျော်
ကလည်း လက်သာရာကို ခင်တွယ်နေသည်။
ကျောင်းပိတ်ရက်တွင် တောင်ပြုန်းပွဲ့သို့ သွားရာမှ အပြန်တွင် ကြမ္မာဆိုးဝင်ခဲ့မိသည်။ ဆေးရုံရောက် တော့
တောင်ပြုန်းပွဲသို့ အသွားအပြန်တွင် မော်တော်ယာဉ်၊ ဆိုင်ကယ် မတော်တဆဖြင့် ဆေးရုံ ရောက်နေရသူများကို ထပ်
တွေ့ရသည်။ အချို့က မိသားစုလိုက် ထိခိုက်ဒဏ်ရာရကြသည်။ ကြည့်မကောင်း၊ ရှုမကောင်း၊ မြင်မကောင်း၊ စိတ်
မကောင်းစရာတွေ ပါလား။
လူရယ်လို့ဖြစ်လာလျှင် သေရမည်မှာ မလွဲပါ။ သေခြင်းတရားက မျက်နှာမလိုက်ပါ။ ငယ်ငယ်ကြီးကြီး၊ ရုပ်ချောချော၊
ရုပ်ဆိုးဆိုး၊ ပစ္စည်းရှိရှိ-မရှိရှိ၊ အာဏာရှိရှိ-မရှိရှိ၊ ချစ်ခင်သူများများ-မများများ၊ မုန်းသူ များများ-မများများ၊ အခြွေအရံ
များများ-မများများ။ ခွဲခြားခြင်းမရှိပါ။
ငယ်ငယ်ရွယ်ရွယ်နှင့် အကြွေစောခဲ့ရသည့် စည်သူကျော်လို ကလေးငယ်အတွက် ကိုယ်တိုင် ခံစားကြရသည့်
အဖေ နှင့် အဖေ၊ အဖိုးအဖွား၊ ဆွေမျိုးအသိုင်းအ၀ိုင်းများရဲ့ရင်မှာ မည်မျှခံစားကြရမည် ကို ကြုံဖူးသူတိုင်း ကိုယ်ချင်း
စာမိကြမည်ဖြစ်ပါသည်။
ကွယ်လွန်သူက ကောင်းရာမွန်ရာ ရောက်နေပေလိမ့်မည်။ မိဘနှစ်ပါးက သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့
စီစဉ်ကြသည်။ ဆွေမျိုးအသိုင်းအ၀ိုင်းက ကူညီကြသည်။ ခံစားရသမျှ သောက ဝေဒနာကို တရားနဲ့ဖြေနိုင်ဖို့ အားပေး
နှစ်သိမ့်ကြသူများကို ရီဝေစွာ ငေးမောကြည့်ရင်း စဉ်းစားခန်းဝင်မိသည်။ ကိုယ်လဲ တစ်နေ့ သေရမှပဲ။ အချိန်မတိုင်ခင်
သေနိုင်သည်။ သက်တမ်းကုန်အောင် အိုမင်းရင့်ရော် အောင်နေရပြီးမှ သေနိုင်သည်။ အကြောင်းအကြောင်းကြောင့်
သေရမည်မှာမှန်သော်လည်း ယခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့စေချင်ပါ။
သံဝေဂ ...
ဖြစ်လာသမျှ
ပျက်ရမည်မှာ
ဓမ္မတာတည်း။
သာယာအေးချမ်း၊ ဘ၀လမ်း၌
မသမ်း ဘယာ၊ ရှိနေပါသော်
ပျော် တမွေ့မွေ့၊ မေ့ တလျော့လျော့
ပေါ့ တဆဆ၊ နေခဲ့ကြပြီး
ဖိစီးအပူ၊ ကျွမ်းဆူလောင်မြိုက်
ဖြစ်လာခိုက်မှ၊ ဗုဒ္ဓ ဓမ္မ
သံဃာ့အားကိုး၊ ရှိလျှင်ခိုးကာ
ကိုးကွယ်ရာကို ရှာကြသည်။
သံသရာဝဲ၊ သြဃထဲ၌
ရှင်ကွဲတလီ၊ တွေ့မည်သေကွဲ
မမြဲနိစ္စ၊ ကြုံရမည်ချည်း
ဖြစ်ပြီးလျှင် ပျက်၊ နှိပ်စက်တတ်သော
ဤသဘောဟု၊ ကြံ-တွေး-ပြု-ကြည့်
ကပ်သတိဖြင့်၊ မှတ်-သိနေဖို့ လိုပေသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
- ရခိုင်တွင် စပါးတောင်းပေးစနစ်ဖြင့် ကျူရှင်လခပေးချေမ...
- » ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ရန်ကုန်တာဝန်ခံ(...
- တရုတ်ရဲ တပ်ဖွဲ့ အကြီးအကဲ ထောင် ၁၅ နှစ်ကျ
- » ရခိုင်အရေး အဖြေရှာဖို့ နေပြည်တော်မှာ ဆွေးနွေး
- ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်း လိုင်းတစ်ခုတွင် E-T...
- အာဆီယံ နိုင်ငံများမှ ထုတ်သည့် ကားသစ်များ တင်သွင်းမ...
- iphone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သံ...
- ဒီကရီ စီကရက်စက်ရုံ ထုတ်ပယ်ခံ အလုပ်သမားများ တစ်ဦးလှ...
- လုပ်အားခငွေနှင့် ပစ္စည်းဖိုးငွေများ မရရှိသဖြင့် တင်...
- လွှတ်တော်အမတ် အဖြစ်မှ ပြန်လယ် ရုတ်သိမ်းရေး ကြိုးပမ်...
- အထက (၂) ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး ၏ ဆိုးရွားလှ...
- လစ်ဗျားက စစ်သွေးကြွ အဖွဲ့တွေကို ဖျက်သိမ်းမယ်
- ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသို့...
- မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မယ်လ...
- တရုတ်နဲ့ မြန်မာ လူထုဆက်ဆံရေး တိုးတက်စေလိုဟု ဒေါ်စုမ...
- ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ
- » တောင်ငူမြို့ မှာ အမြန်ရထားနှင့် မှန်လုံအမြန်ယာဉ်...
- နှလုံးသားတစ်ခုရဲ့ အဆုံးမဲ့ ချစ်သံစဉ်
- ငါမြတ်နိုးတဲ့ မိန်းကလေး
- အညတရ ၏ ကဗျာ
- သံသရာခရီးသည်
- လူတစ်ယောက်ကိုချစ်ရင် မင်းကိုချစ်ဖို့သူကို အခွင့်...
- မိန်းကလေးချစ်သူဆိုတာ......
- လူငယ်ဘ၀ ချစ်ကြိုက်ခြင်း
- သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀
- သတင်းစုံ
- ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော...
- NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
-
▼
September
(756)
No comments:
Post a Comment