Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်


မြန်မာ့ စာတိုက် လုပ်ငန်း အနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်စေရန် ကုမ္ပဏီ အဖြစ်ရပ်တည်၌ စာတိုက် လုပ်ငန်းအား ဝန်ဆောင် မှုသစ်များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့