Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

...ချစ်များတဲ့သူရယ်……………


ကံရှိလို့ဆုံခဲ့၊ ဥာဏ်မရှိလို့ ချစ်မိ

နွေးထွေးတဲ့ အကြင်နာ

စကားနုလှကလေးတွေနဲ့

ဖြေသိမ့်မှု့ကလေးဖြစ်

ပေးတဲ့အချစ်တုမှာ သာယာခဲ့လို့

ငိုပြခဲ့တုန်းက စာနာစိတ်ကလေးနဲ့

နားလည်းခဲ့ပေမဲ့လည်း

အချစ်ကို ကစားစရာအဖြစ် မှတ်သားထားသလား…

ကစားခံရသူအဖို့

ခံစားမှု့ ရင်ဘတ်ထဲ

ပူလောင်တဲ့ ငရဲဆိုတာ မသိလိုလား…

ဒါမှမဟုတ် သိရဲံနဲ့ပဲ

ရက်စက်ခဲ့လေးသလား…

အတွေးထဲ ထပ်ခါထပ်ခါ မေးနေမိတယ်…

ရှုပ်နေတာလည်းသိ၊ ရှုံးနေတာလည်းသိ ခံစားမှု့မဲ့ ..မစာနာရက်စက်ကာ

ကျောခိုင်းသွားတာလည်းသိတယ်

သြော်……

ဖြေးဖြေးကလေး ဆွေးဆွေးလေးနဲ့

ကြေကွဲစေပြီး ဒဏ်ရာများတဲ့ နှလုံးသားလေး.

.သေဆုံးသွားတာ

ကိုယ်တိုင်တောင် မသိခဲ့ရပါလား

ချစ်များတဲ့သူရယ်……………

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့