Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 5 September 2012

ဖားကန့် ဒုက္ခသည်များ ကြာရင် အခက်အခဲဖြစ်နိုင်

ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီး
ကျောင်းတွင် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊
မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။

သြဂုတ်လ(၂၃)မှ စတင်၍ ရောက်ရှိ လာကြသူ များတွင် ကျောင်းသား/သူ (၉၀)
ပါဝင်ပြီး အ.ထ.က(၁)တွင်  အချိန်ခွဲ၍ ပညာသင် ကြားနေကြပါသည်။

ကရုဏာ လူမှုကူညီရေး အသင်းနှင့် မြို့လူထုတို့ ထောက်ပံ့ကူညီ ကြ၍ ယနေ့အထိ ကျွေးမွေးစရိတ် အခက်အခဲ မရှိသေးပါ။ အလှူရှင်များနေ့စဉ် လာရောက် လှူဒါန်းနေပြီး သောက်သုံးရေကိုလည်း စည်ပင်မှ နေ့စဉ်ပေးဝေ နေပါသည်။ သို့ရာတွင် ရက်ကာလ ကြာရှည်လာပါက အခက်အခဲ ဖြစ်လာနိုင် ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ တဦးက Myanmar News Now ကို ပြောပါသည်။

ဒုက္ခ သည်များ နေရပ်သို့ ပြန်ကြမည် ဆိုလျှင်လည်း  လမ်းခရီးတွင် KIA မှ ပစ္စည်းယူ ပေါ်တာဆွဲ နေသဖြင့် မပြန်ရဲကြ ကြောင်းသိရသည်။

ဖားကန့် မြို့ ဦးစေတီ ကျောင်းရှိ စစ်ဘေးဒုက္ခသည်များအား စက်တင်္ဘာလ ၄ ရက်နေ့ က တွေ့ ရစဉ်

ဖားကန့် မြို့ ဦးစေတီ ကျောင်းရှိ စစ်ဘေးဒုက္ခသည်များအား စက်တင်္ဘာလ ၄ ရက်နေ့ က တွေ့ ရစဉ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့