Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 16 September 2012

ငါကျေနပ်ပါတယ်ချစ်သူ..........

ငါ မင်းကိုချစ်ခဲ့တယ်
ငါ့ရဲ့ အနက်ရှိုင်းဆုံးချစ်ခြင်းတွေနဲ့ပေါ့
မင်းဘက်ကတော့ ပေါ့ပျက်ပျက်နိုင်လွန်းခဲ့တယ်၊
ငါလေ မင်းကိုယုံကြည်ပေးခဲ့တယ်
ဘေးစကားတွေကို မျက်ကွယ်ပြုပြီး
ဇာတ်သိမ်းရောက်မှ ငါဟာအရူးလိုပဲ
ငါရင်ခုန်သံတွေကိုတောင်
နင်နဲ့ထပ်တူဖြစ်ဖို့ငါညှိယူတယ်
မင်းဘက်ကတော့
လမ်းခွဲခြင်းဆိုတဲ့ပန်းတိုင်ကို
ငါ့ကို ကျောပေးလို့လျှောက်နေတယ်
သူတို့ တစ်နေ့မင်းကို
နာကျင်မှုတွေပေးတဲ့တစ်နေ့
မင်းအချစ်ကို တန်ဖိုးမထားတဲ့တစ်နေ့
မင်း သူ့အတွက်ငိုကြွေးတဲ့တစ်နေ့
ငါ့ အချစ်တွေကို
မင်းနည်းနည်းလေး နားလည်စာနာပေးနိုင်ရင်
ငါကျေနပ်ပါတယ်ချစ်သူ............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့