Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 8 September 2012
အချစ်တွေ ဘယ်လောက်မှ လုံလောက်သလဲ...?
တစ်ချိန်က စကားဟတာနဲ့ "+++ က အရေးပါတာလား ငါက အရေးပါတာလား?" လို့ ပြောတတ်တဲ့ ကောင်လေး
တစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်ခဲ့ဖူးတယ်။ သူပြောတဲ့ "+++"က ဘယ်အရာမဆို ဖြစ်နိုင်တယ်။ ဥပမာ-- ကျွန်မရဲ့
ချစ်သူဟောင်းဖြစ်မယ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေဖြစ်မယ်၊ ရုပ်ရှင်ကားပိုင်းရှည်တစ်ကားလည်း ဖြစ်နိုင်တယ်။
ချစ်သူက သင့်ကို "တီဗီက အရေးပါတာလား? ငါကအရေးပါတာလား?" လို့မေးတဲ့အခါ သင့်စိတ်ထဲမှာ "ဒီ နုံအတဲ့ကလေး
သူငယ် ငါ့ရှေ့ကပျောက်သွားတာ အကောင်းဆုံးပဲ" လို့ တွေးကောင်းတွေးလိမ့်မယ်။ အဲဒီနောက် နာရီဝက်ကြည့်ပြီး သူနဲ့
ချိန်းတွေ့ဖို့ စိတ်ကူးထားတဲ့ သင့်စိတ်ကူးကိုပြောင်းပြီး တစ်နေကုန်အခွေတွေကို သင်ထိုင်ကြည့်ကောင်း ကြည့်နေလိမ့်
မယ်။ အဲဒီမှာ ချစ်သူက "တီဗီကြည့်တာနဲ့" သူ့ကိုယ်သူ နှိုင်းလာတဲ့အခါ သူ့စိတ်ကို သင် ပိုဂလိချင်လာလိမ့်မယ်။ ဒါပေမယ့်
သိပ်မကြာပါဘူး... သင့်ကိုယ်သင်လည်း မရင့်ကျက်သူဖြစ်ကြောင်း သင်သတိထားမိပါလိမ့်မယ်။
သူ့ကို သင်ချစ်တယ်။ သူနဲ့လက်ချင်းတွဲပြီး ပျော်ပျော်ပါးပါးလျှောက်လည်ဖို့ကိုလည်း သင်မျှော်လင့်တယ်။ ဒါပေမယ့်
အခြေအနေက ဘာဖြစ်လို့ ဒီလိုပုံစံပြောင်းသွားခဲ့ရသလဲ? သင့်စိတ်ထဲမှာ သူစိတ်တိုတာကို ပျော်ရွှင်တာထက်
ပိုစေချင်တာလား?
ဒီလိုအခြေအနေမျိုးကို တစ်ချိန်က ကျွန်မဆန်းစစ်ခဲ့ဖူးတယ်။ ဒါဟာ စိတ်နေသဘောထားကြောင့်ဖြစ်မယ်လို့ ကျွန်မထင်
တယ်။ တကယ်လို့ သူငယ်ချင်းတွေနဲ့ ကျွန်မထွက်လည်တယ်ဆိုပါစို့။ "သူငယ်ချင်းတွေက အရေးပါတာလား?
ငါက အရေးပါတာလား?" လို့ပြောမယ့်အစား "ပျော်ပျော်ကစားခဲ့နော်" လို့ သူပြောခဲ့ရင် ညနေ၀င်မိုးချုပ်ထိ သူ့ဖုန်းမကိုင်
ဘဲ သူငယ်ချင်းတွေနဲ့ တစ်နေကုန်လျှောက်လည်မယ့် အစီအစဉ်ကိုဖျက်ပြီး သူ့ဆီ ကျွန်မအမြန်ပြန်လာမိလိမ့်မယ်။
တကယ်လို့ ဇာတ်လမ်းတွဲတွေ ကျွန်မကြည့်ချင်တဲ့အခါ ဖုန်းမချခင် "ဇာတ်လမ်းက အရေးပါတာလား ငါက အရေးပါတာ
လား?"လို့ ပြောမယ့်အစား "အင်း.. ကြည့်ပြီး စောစောအိပ်နော်" လို့ သူပြောခဲ့ရင် နာရီဝက်လောက်ပဲ အခွေကြည့်ပြီး
မအိပ်ခင် သူ့ကိုတမင်မက်ဆေ့မပို့မယ့် စိတ်ကူးကိုဖျက်ပြီး "နင့်ကို ငါလွမ်းတယ်" လို့ သူ့ကို ကျွန်မဖုန်းဆက်မိလိမ့်မယ်။
နောက်ဆုံးမှာ အဲဒီကောင်လေးနဲ့ကျွန်မ လမ်းခွဲလိုက်ကြတယ်။ "နင့်အချစ်တွေ ငါ့အတွက် မလုံလောက်ဘူး" လို့ သူကဆို
ပါတယ်။ ဘယ်လိုအခြေအနေမှ "လုံလောက်တယ်" လို့ ခေါ်သလဲလို့ သူ့ကို ကျွန်မ မေးကြည့်ချင်ပါတယ်။ သူကလွဲပြီး
အရာရာကို ဥပေက္ခာပြုမှ လုံလောက်တယ်လို့ ဆိုရမလား? ကိုယ်ပိုင်လွတ်လပ်မှုတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေကို လက်
လွတ်ပြီး အရာအားလုံး သူ့အတွက်ပေးဆပ်မှ လုံလောက်တယ်လို့ ခေါ်မလား?
သာမန်အားဖြင့် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ဆန်တဲ့အချစ်ဝတ္ထု၊ အချစ်ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်မ
တို့ဟာ အချစ်အတွက် ပေးဆပ်ရမှာကို လိုလားကြတယ်။ "အချစ်အတွက် အရာရာပေးဆပ်ရဲတယ်" ဆိုတာကို ယုံကြည်
ထားကြတယ်။
ဒါပေမယ့် တစ်ခါတလေမှာ အချစ်ဟာ အလှူခံဖြတ်ပိုင်းနဲ့တူတယ်။ ကျွန်မတို့မှာ တစ်ပြားတစ်ချပ်မှမလှူတဲ့ ဆုံးဖြတ်ချက်
တွေရှိပေမယ့် အသိစိတ်ကကျွန်မတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့ နှိုးဆော်နေတယ်။ မမြင်ရတဲ့ အသိစိတ်ကို အားနာတာ
ကြောင့် စိတ်မပါတပါနဲ့ ပထအကြိမ် ကျွန်မတို့လှူတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်... နောက်တော့ အလှူခံသူက
ကျွန်မတို့လှူတာကို "လှူသင့်လှူထိုက်တယ်" လို့ ထင်ပြီး ကျေးဇူးစကားတစ်ခွန်းမှ မပြောဘဲ လှူသမျှကို ယူသွားတော့
တယ်။ ကိုယ့်ဘက်ကချည်းပေးဆပ်ဖို့ ကျွန်မတို့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ၊ တစ်ဘက်လူက အကြွေးတောင်းသူ
တစ်ယောက်လို "အချစ်အတွက် ပေးဆပ်မယ်ဆို" လို့ အတင်းအကျပ် တောင်းဆိုလာတဲ့အခါ၊ ပေးဆပ်ရမှာကို ကျွန်မတို့
ကြောက်တတ်လာတယ်။
ကျွန်မ မဆိုးဘူးလို့ ကျွန်မကိုယ်ကျွန်မထင်တယ်။ ဒါပေမယ့် "ချစ်တာ မလုံလောက်ဘူး" လို့ တခြားသူအပြစ်ဖို့တဲ့အခါ
အပြစ်ရှိတဲ့လက်ဝါးကပ်တိုင်ကို ထမ်းထားရတယ်လို့ ကိုယ့်ကိုယ်ထင်မိတယ်။ လမ်းခွဲချိန်မှာလည်း ကျွန်မ မနာကျင်၊
မခံစားရခဲ့ရတာ မဟုတ်ဘူး။ ကျွန်မလည်း သူ့ကိုချစ်လို့ နာကျင်၊ ခံစားခဲ့တာရပါပဲ။
အချစ်ကို မတူတဲ့အတိမ်အနက်နဲ့ သတ်မှတ်ခဲ့လို့၊ သူ့အပေါ် ကျွန်မရဲ့အချစ်တွေ မလုံလောက်လို့၊ သူလိုအင်တွေများလို့
ဒါတွေဟာ ကျွန်မတို့ လမ်းခွဲကြတဲ့ အကြောင်းပြချက်ဖြစ်ခဲ့တယ်။ အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာတစ်ဦး ဖြေခဲ့တဲ့အဖြေ
ကို ကျွန်မသွားသတိရတယ်။ သူဖြေခဲ့တာက "အချစ်တွေ မလောက်လို့ လမ်းခွဲလိုက်ကြတယ်" တဲ့။
သူပြောချင်တဲ့ အကြောင်းအရာက ရိုမီယိုနဲ့ ဂျူးလိယက်လို နိုင်ငံအချင်းချင်း ရန်ငြိုးထားပြီး မညားကြတဲ့ဇာတ် အခုခေတ်
မှာ မရှိတော့ဘူး။ အခုခေတ်လူတွေ လမ်းခွဲကြတဲ့အကြောင်းက အချစ်တွေ မလောက်လို့ဖြစ်တယ်။
အချစ်တွေမလောက်လည်း အချစ်က ရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့် လူတွေမှာ အချစ်ရှိနေရုံနဲ့ မလုံလောက်သေးဘူး။
သူနဲ့လမ်းခွဲလိုက်တယ်ဆိုတိုင်း သူ့ကိုယ်မချစ်လို့ မဟုတ်ဘူး။ အချစ်တွေ မလောက်လို့ဖြစ်တယ်။ လူ့ဘ၀လမ်းခရီးက ရှည်
လျားတယ်။ အဲဒီလမ်းခရီးမှာ သူ့တစ်ယောက်ပဲ ရှိနေရုံနဲ့ မလုံလောက်နိုင်ပါဘူး။
နင့်ကိုငါချစ်တယ်။ ဒါပေမယ့် ငါ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းဆိုတာရှိတယ်။ ၀တ်ကောင်းစားလှတွေကို ငါကြိုက်တယ်
ဇာတ်လမ်းတွဲတွေ ငါကြိုက်တယ်။ ငါ့အချစ်၊ ငါမေတ္တာတွေကို ငါ့အလုပ်၊ ငါ့လွတ်လပ်မှုအတွက် ခွဲဝေပေးရဦးမယ်။ နင့်ကို
ချစ်တဲ့ ငါ့အချစ်တွေ ဘယ်လောက်မှ လုံလောက်တယ်လို့ ထင်သလဲ?
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
-
▼
September
(756)
No comments:
Post a Comment