ကြာပြီဆိုတိုင်းသာမေ့ကြေးဆိုရင်
အလွမ်းကဗျာတွေငါဘယ်ရေးနေပါ့မလဲ
အရင်အတိုင်းသာနင်ပြန်လာမယ်ဆိုရင်
ငါစောင့်လို့နေအုံးမှာပါ
ကမ္ဘာတည်သ၍ပေါ့
အထင်တွေသာအမြင်တွေဖြစ်မယ်ဆိုရင
် ငါ့အတွေးထဲနင်နေရာယူထားလို့
ငါ့အနားကတောင်နင်ဘယ်မှသွားမှာမဟုတ်ဘူး
ငါ့ချစ်ခြင်းတွေနင်လိုအပ်နေသ၍ပေါ့

ပြန်လည်တမ်းတတိုင်းသာရမယ်ဆိုရင်လေ
အရင်အချိန်တွေကိုပဲငါပိုင်ဆိုင်ချင်ပါတယ်
ငါရှင်သန်နေသ၍ပေါ့
ချစ်သူရယ်………..
အကြောင်းပြချက်မရှိဘဲ စီရင်ချက်ချခဲ့တာလား
လျှောက်လဲခွင့်သာရမယ်ဆိုရင် ငါမေးချင်ပါတယ
် မင်းကိုချစ်မိလို့များ ငါ့အပြစ်ဖြစ်ခဲ့တာလား…. ဟင်။
No comments:
Post a Comment